part 13

863 42 5
                                    

Unicode

"သမီးလေးရေ ထတော့ ကျောင်းသွားရအုံးမယ်လေ"

ထယ်ယောင်း သမီးလေးရဲ့ ကျောလေးကို ပုတ်ပြီးနိူးလိုက်တော့တအင်အင်ဖြင့်နိုးလာသည်။

"ပါပါး မောနင်း"

"မောနင်းပါ ပါပါးချစ်ဆုံးလေး ထတော့ကျောင်းနောက်ကျတော့မယ်"

သမီးလေးကိုမချီကာ ရေချိုးခန်းထဲခေါ်သွားတော့သည်။ သမီး‌ေလးကိုရေချိုးပေးပြီးကျောင်းဝတ်စုံလေးဝတ်ပေးကာ အဖွားပြင်ဆင်ထားပေးတဲ့မနက်စာကိုစားဖို့သမီးလေးကိုချီကာ ဆင်းလာလိုက်သည်။

"ဖွားမြေးလေးဆင်းလားပြီလား လာအဖွားမြေးလေးကြိုက်တဲ့စပျစ်သီးကိတ်လေး အဖွားကိုယိတိုင်လုပ်‌ထားပေးတယ်"

ထယ်ယောင်းလက်ပေါ်က သမီးလေးကလည်းစပျစ်သီးဆိုတဲ့အသံကြားတာနဲ့ကို မျက်လုံးအရောင်ကလဲ့လာပြီး ချီထားတာကိုဆင်းဖို့လုပ်လေသည်။ထယ်ယောင်းလည်း အောက်ချပေးလိုက်တော့သူ့အဖွားစီကိုပြေးသွားလိုက်တာများတန်းနေရောဘဲ ထယ်ယောင်းလည်းသမီးလေးကိုကြည့်ကာ ပြုံးပြီးလိုက်သွားလေသည်။သူရဲ့တစ်နေ့တာကသမီးလေးနဲ့စတင်တာပါ။

သမီးလေးကိုမူကြိုပို့ပြီးပြန်အလာ ခြံထဲကားဝင်ဖို့ပြင်လိုက်စဥ်ခြံရှေ့မှာလူတစ်ယောက်ရပ်နေတာကိုမြင်လိုက်တော့ကားကိုရပ်ကာ ဖယ်ပေးဖို့ဆင်းပြောမယ်ဆိုကာ ဆင်းသွားသည်။

"တစ်ဆိတ်လောက် ကျနော်ကားလေးဝင်ချင်လို့ ဖယ်ပေးလို့ရမလားဗျ"

သူ့ကိုကျောပေးထားတဲ့ ထိုလူကိုအနောက်ကနေစကားသွားပြောတော့ လှည့်ကြည့်လေသည်။ ထိုလူက

"အကို‌Hoseok!!!"

"ထယ်ယောင်း! တကယ်ထယ်ယောင်းဘဲ"

Hoseokကမျက်လုံးပြူးပြီးသူ့ပါးစပ်ကိုသူလက်နဲ့အုပ်ကာ လန့်သလိုပုံစံဖြင့်ထယ်ယောင်းကိုကြည့်နေတော့ထယ်ယောင်းလည်း နားမလည်သလိုပုံစံဖြင့်

"ဒါနဲ့ အကိုhoseokကဘာကိစ္စရှိလို့လဲ"

"ထယ်ယောင်းရယ် မင်းအရင်ကထက်အများပိုချောလာတယ် မတွေ့ရတာအရမ်းကြာပြီ "

Miracle Of Love (Complete)Donde viven las historias. Descúbrelo ahora