Part 21

978 43 1
                                    

Unicode

"သမီးရေ!!"

မနက်စောစောနိုးနေကျ ထယ်ယောင်းမှာ ဒီနေ့မနိုးဘဲ နောက်ကျမှ နိုးလာတာကြောင့် ဂျီမင်းတို့ ယွန်းဂီတို့မှာ အံ့ဩနေလေရဲ့။ အခုကျမှ အိပ်ချင်မူးတူးဖြင့် အပေါ်ထပ်ကဆင်းလာပြီး သမီးရေ အော် ခေါ်နေတာ candyကဖြင့်မူကြိုသွားတာကြာလှပြီ သူမနိုးသေးလို့ ဂျီမင်းကိုယ်တိုင် လိုက်ပို့ရခြင်းပင်။

" candy ကမူကြိုသွားပြီ"

"ဟမ်??အစောကြီးသွားတာ‌လား?"

"ထယ်ယောင်း အချိန်ကိုကြည့်အုံးလေ "

ဂျီမင်းရဲ့ စကားကြောင့် ထယ်လည်း ဖုန်းထုတ်ပြီးကြည့်လိုက်တော့ မျက်လုံးပင်ပြူးသွားရသည်။

"ဟမ်!! 11နာရီတောင် ခွဲတော့မှာလား"

"အေးဟုတ်တယ် candyတောင်ပြန်လာတော့မယ်
မင်းအခုမှနိုး ပြောပါအုံး ညက ဘာတွေလုပ်နေလို့မအိပ်တာလဲ ငါမနက်က မင်းနေများမကောင်းလို့လားဆိုပြီးလာကြည့်သေးတယ် နေလည်းကောင်းတယ် ဘာမှဖြစ်ဘဲ အကြာကြီးအိပ်နေတာ မနေ့က ဘယ်တွေသွားခဲ့သေးလို့လဲ"

"ငါညက စောစောအိပ်တယ် 9ခွဲလောက်တည်းက ဆေးသောက်ပြီးအိပ်သွားတာ ဆေးအရှိန်ကြောင့်ဖြစ်မယ်ထင်တယ်"

"ဟုတ်မယ် ထယ်ယောင်း"

ယွန်းဂီက ထမင်းစားပွဲမှာ ထိုင်နေရင်း လှမ်းပြော‌တာကြောက့် ထယ်ယောင်းလည်း ခေါင်းငြိမ့်လိုက်သည်။

"လာ ထိုင် "

ထယ်ယောင်းရဲ့လက်ကိုဆွဲပြီး ထိုင်ခုံမှာ ထိုင်‌ခိုင်းလိုက်တဲ့ ဂျီမင်း

"ဘာလို့လဲ"

"မနေ့က ဘယ်တွေသွားကြတာလဲငါ့ကိုမလိမ်နဲ့"

ထယ်လည်း အရှေ့မှာချထားတဲ့ ရေခွက်ကို ယူသောက်လိုက်ပြီး ဂျီမင်းကိုသေချာပြန်ကြည့်လိုက်သည်။

"ငါကမင်းကိုလိမ်တော့ ဘာရမှာလဲ ဂျီမင်းရယ် မနေ့က ငါ့ကိုဆေးခန်းလိုက်ပြတယ် ပြီးတော့ ဈေးဝယ်ထွက်တယ် မုန့်သွားစားတယ် သမီးလေးကို အဲ့မှာရှိတဲ့ ကစားကွင်းပို့တယ် အဲ့ကအပြန် ဟန်မြစ်ကိုသွားတယ် ပြီးတော့ ညစာစားတယ် ပြန်လာတယ် ဒါဘဲ"

Miracle Of Love (Complete)Место, где живут истории. Откройте их для себя