part 26

1K 43 3
                                    

Unicode

"ထယ်ရေ ကိုယ်ရောက်ပြီ"

အဖွားဆေးခန်းရက်ချိန်းပြရမယ် ဆိုကာ ခေါ်ထားတဲ့ထယ်ကြောင့် စောစောလာပြီးထိုင်စောင့်နေခြင်းပင်။ အဖွားက ထယ်နဲ့သူနဲ့ကိုအရင်လိုဘဲ ပြန်လက်ခံပေးသည်။ ဒါပေမယ့် သူစီက ဂတိတစ်ခုတော့တောင်းတယ် ဘာလဲဆိုတော့ ထယ်ယောင်းကိုအရင်ကလို မနာကျင်စေနဲ့တဲ့  သူလည်းအဖွားအရှေ့မှာဒူးထောက်ပြီး ထယ်ရဲ့လက်ကိုကိုင်ပြီးအရင်လိုထယ့်ကိုမနာကျင်စေရဘူးလို့ဂတိပေးခဲ့တယ်...

"ဂျွန်ရေ လာကူပါအုံး"

အဖွားရဲ့အခန်းထဲကနေ အဖွားကို တွဲကာထွက်လာပြီး သူ့ကိုလှမ်းခေါ်တာကြောင့် ဂျောင်ဂုလည်း ချက်ချင်းထကာ ထယ့်နားပြေးသွားလိုက်သည်။

"ဂျွန် အဖွားကို ကားပေါ်ခေါ်သွားပေးပါလား ထယ် လိုအပ်တဲ့ ဆေးစာရွက်တွေ ယူပြီးလိုက်ခဲ့မယ်"

"အင်းရတယ်လေ အဖွားကျနော်လက်ကိုတွဲ"

"အေးကွယ်"

အဖွားကဂျောင်ဂုရဲ့လက်ကိုဆွဲကာ လိုက်သွားတာကိုကြည့်ပြီး ထယ့်မှာ ရင်ထဲကြည်နူးမိသည်။ အဖွားလည်းအသက်အရမ်းကြီးနေပြီလေ အခုဆို အသက် ၉၂နစ်တောင်ရှိနေပြီ အသက်ကြီးလာတော့ ရောဂါတွေကလည်းတစ်ခုပြီးတစ်ခုဝင်လာတာပေါ့။ အဖွားလည်းသူ့ ကြောင့်အများကြီးပင်ပန်းခဲ့ရပါတယ်။အခုတော့ သူပြန်ပြုစုပေးရမယ့်အချိန်ရောက်နေပြီလေ။

လိုအပ်တဲ့ ဆေးမှတ်တမ်းတွေကိုယူပြီး နောက်ဖေး‌ မီးဖိုချောင်ထဲကိုဝင်ကာ အလုပ်ရူပ်နေသာ ယွန်းဂီနဲ့ဂျီမင်းကိုလည်း မှာရသေးသည်။

"Candyလေးကို နိုးပြီးအဆင့်သင့်လုပ်ထားပေးနော် ပြန်လာတာနဲ့ တစ်ခါတည်းသွားပို့မလို့"

"အေး မောင်မင်းကြီးသားရယ် ငါတို့ကို အိမ်အကူများထင်နေလား!"

ဂျီမင်းက ဟင်းချက်နေရင်းတန်းလန်း ယောင်းမကြီးကိုကိုင်ကာ သူ့ကိုလှည့်ပြီးရန်တွေ့လေရဲ့။ ဘေးနားကယွန်းဂီကတော့ မျက်ရည်များဖြင့် သူ့ကိုလှည့်ကြည့်လာသည်။ ဘာကြောင့်မှာတော့မဟုတ်ပေမယ့် ကြက်သွန်နီလှီးနေခြင်းပင်။

Miracle Of Love (Complete)Opowieści tętniące życiem. Odkryj je teraz