part 15

916 46 7
                                    

Unicode

*Candyလေး seafood စားမိလိုက်လို့ အခုဆေးရုံမှာတဲ့ *

"ဗျာ!!!!"

*အစ်ကို့ကို အခုဘဲဂျောင်ဂုလှမ်းပြောတာထယ်ယောင်း Haesaung hospital ကိုအမြန်ဆုံးလာခဲ့ပေးပါတဲ့*

Hoseokရဲ့စကားကြောင့် လူကဘာမှမလုပ်နိုင်တော့ဘဲ ရှိတဲ့နေရာတင် ထိုင်ချမိလိုက်သည်။ ဒါ ဂျောင်ဂုသူ့သမီးလေးကို တမင်တကာလုပ်တာ...

"သမီးလေ ဘာ .ဘာမှတော့မဖြစ်ဘူးမလား အကိုhoseok"

*အင်းဘာမှမဖြစ်ပါဘူး ဂျောင်ဂုအစားအစ်ကိုတောင်းပန်တယ်နော် သူမသိလိုက်လို့လုပ်မိတာပါထယ်ယောင်း*

ထယ်ယောင်းမှာဘာမှဆက်မပြောနိုင်တော့ဘဲ ဖုန်းကိုချကာ သမီးလေးစီကိုအမြန်ဆုံးသွားဖို့ပြင်ဆင်တော့သည်။ဂျီမင်းကလည်းပြေးလာ‌ကာ

"ထယ်ယောင်းဘာဖြစ်လို့လဲ candyလေးဘာဖြစ်လို့လဲ"

ထယ်ယောင်းက မျက်နာသေဖြင့်ဘာတစ်ခွန်းမှလည်း‌ပြန်မျပြာတာကြောင့်ဂျီမင်းမှာ ပိုစိုးရိမ်လာရသည်။

"ထယ်ယောင်း ဘာဖြစ်တာလဲလို့ငါ့ကိုပြောစမ်း candyလေးဘာဖြစ်လို့လဲ"

ထယ်ယောင်းရဲ့ပုခုံးကိုကိုင်လူပ်ပြီးမေးတော့မှ ဂျီမင်းမျက်နာကိုသေချာကြည့်ကာ

"Candyလေး.. ငါ့သမီးလေးအခုဆေးရုံမှာတဲ့ seafood စားမိသွားလို့ အခုဆေးရုံရောက်နေတယ်တဲ့"

"ဘာ! ဘယ်လိုဖြစ်ပြီး ဒါဆိုငါတို့လည်းလိုက်ခဲ့မယ်ထယ်ယောင်း ဒါဂျောင်ဂုလက်ချက်ဘဲမလား"

ဂျီမင်းရဲ့ ဒေါသသံနဲ့မေးခွန်းကြောင့်ထယ်ယောင်းမှာ မျက်ရည်များဖြင့်ခေါင်းငြိမ့်ပြလေသည်။

"တောက်!!!!ဒီကောင်ကအခုထိဒုက္ခပေးနေတုန်းလား တွေ့ရင်တော့သေပြီသာမှတ်"

ဂျီမင်းတစ်‌ေယာက်ထယ်ယောင်းရဲ့လက်ကိုဆွဲရာ ထွက်လာလိုက်သည်။ကားနားရောက်တော့ ယွန်းဂီကပါပြေးလာပြီ

"ဘယ်သွားဖို့လဲ?"

"ခင်ဗျားစကားမများနဲ့လိုက်ခဲ့ "

ယွန်းဂီရဲ့လက်ကိုပါအသည်းအသန်ဆွဲကာ ကားပေါ်ဆွဲတင်သွားသောဂျီမင်းပါလေ ယွန်းဂီမှာတော့ကြောင်အအဖြင့်လိုက်သွားရရှာသည်။

Miracle Of Love (Complete)Where stories live. Discover now