part 28

827 40 3
                                    

Unicode

ဒီလိုနဲ့ နစ်ပတ်လောက်ကြာ‌လာတော့ မင်ဂျွန်းနဲ့ ယွန်းဆူတို့ မင်ဂ်လာပွဲနေ့လေးကိုရောက်ရှိ‌လာလေပြီ။ ယွန်းဆူက ကိုယ်ရဲ့ညမအရင်းလေးလိုဘဲဖြစ်တာကြောင့် တစ်သက်မှတစ်ခါဆောင်ရတဲ့ သူတို့ရဲ့မင်ဂ်လာပွဲလေးကို မင်ဂျွန်းရဲ့မိဘတွေ တိုင်ပင်ကာ ပင်လယ်ဘက်မှာ လုပ်ပေးဖြစ်သည်။

ပင်လယ်ဘက်မှာ အခမ်းအနားလည်းအဆင့်သင့်ဖြစ်နေလေပြီ။ ထယ်ယောင်းလည်း ယွန်းဆူအလှပြင်နေတဲ့နားမှာ ရှိနေကာ သူ့သူငယ်ချင်းဂျီမင်းကတော့ မင်ဂျွန်းနားမှာရှိနေလေသည်။

"အိုက်ဂူး ငါတို့ယွန်းဆူလေးတောင် အိမ်ထောင်ကျတော့မှာဘဲ"

ထယ်ယောင်းရဲ့ စကားသံလေးကြောင့် အလှပြင်နေတဲ့ ယွန်းဆူက ခပ်ရေးရေးလေးပြုံးကာ

"အကိုထယ်ယောင်းကို အများကြီးကျေးဇူးတင်ပါတယ် ယွန်းဆူလို တစ်ကောင်ကြွက်ကို ဒီလိုချိန်ထိရောက်အောင် ကျွေးမွေးခဲ့လို့ အကိုထယ်ယောင်းကိုကျေးဇူးတင်လို့မဆုံးပါဘူး"

ယွန်းဆူက ပြောနေရင်း မျက်ရည်တွေဝဲလာတာကြောင့် ထယ်လည်း ပြာပြာသလဲဖြစ်ကာ

"ငိုမယ်မလုပ်နဲ့နော် မိတ်ကပ်တွေပျက်ကုန်မယ်လေ မငိုနဲ့တော့ ယွန်းဆူကိုလည်းအကိုကအများကြီးကျေးဇူးတင်ပါတယ် အကိုလုပ်ရမယ့်အလုပ်တွေကို ယွန်းဆူက အကုန်လုပ်ပေးခဲ့လို့ ဘယ်အခြေအနေဘဲရောက်ရောက် မင်းက ငါ့ညမလေးပါဘဲ ယွန်းဆူအချိန်မရွေး ငါ့ကိုအကူအညီတောင်းနိုင်သလို ရင်ဖွင့်လို့လည်းရတယ် ဟုတ်ပြီလား"

ထယ်ယောင်းရဲ့ စကားအဆုံး ငိုချလာပါသော ယွန်းဆူကြောင့် ဆံပင်ပြင်ပေးနေတဲ့ မိတ်ကပ်ဆရာမပါ ဘာလုပ်ရမှန်းမသိတော့ သူလိမ်းထားသမျှမိတ်ကပ်တွေကတော့ ကုန်ပြီဆိုကာ ရင်ထိတ်သွားတာဖြစ်မည်။

"မငိုပါနဲ့ဆို မလှတော့ဘဲ နေအုံးမယ် မငိုနဲ့"

"ဟုတ်"

"ပါပါးး!"

အခန်းအပြင်ကနေ ဝင်လာသော သမီးလေးcandyနဲ့ ဂျောင်ဂု...သမီးလေးက ဂါဝန်အဖြူဝဲဝဲလေးနဲ့ ဆံပင်လေးကလည်း ကျောလောက်ရှိတာလေးကို ချကာ ဘီးကုပ်အဖြူလေးတပ်ထားသည်မှာ အလွန်ချစ်စရာကောင်းလေသည်။ ပန်းကြဲဖို့ကို သမီးလေး ကိုလုပ်ပေးပါဆိုတော့ သမီးလေးက မမယွန်းဆူအတွက်ဘဲ လုပ်ပေးရမှာပေါ့‌တဲ့လေ ဒါကြောင့်အခုသမီးလေးကပါ အဆင်သင့်ဖြစ်လို့နေပြီ။

Miracle Of Love (Complete)Where stories live. Discover now