part 5

1.3K 60 4
                                    

"ဂျွန်ဒီမှာမနက်စာပြင်ထားတယ်"

အပေါ်ထပ်ကနေအလုပ်သွားဖို့ပြင်ဆင်ကာဆင်းလာသောဂျောင်ဂုကိုထယ်ယောင်းစကားလှမ်းပြောလိုက်ပေမယ့်ဒါပေမယ့်သူ့ရဲ့စကားကိုမကြားသလိုပုံစံနဲ့ထမင်းဝိုင်းထဲဝင်ထိုင်‌ လေသည်။

"ဒီမှာကော်ဖီ ဂျွန်"

ထယ်ပေးတဲ့ကော်ဖီကိုသောက်လိုက်ပေမယ့်ဘာမှတုံ့ပြန်မူမရှိတာကြောင့်ထယ်လည်းဂျောင်ဂုရဲ့‌မျက်စောင်းထိုးထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

ထိုအချိန်ဂျွန် စားနေတဲ့ထောပတ်ယိုကြောင့်ချက်ချင်းပျို့တတ်လာတာကြောင့်ဘေစင်စီကိုအမြန်သွားကာထိုးအန်တော့သည်။သူအန်နေတာကိုထကြည့်ပေမယ့်ဘာမှတော့မပြောဒါပေမယ့်သူကျေနပ်ပါတယ်လေ။

"‌ဘာမှမဖြစ်တော့ရင်ငါသွားပြီ"

"အွန်းကားဖြေးဖြေးမောင်းနော်ဂျွန်"

ထယ်လည်းလှည့်ကြည့်ပြီးခေါင်းငြိမ့်ပြလိုက်တော့ချက်ချင်းဆိုသလိုဖုန်းနဲ့စာရွက်စာတမ်းတွေကိုကိုင်ကာထွက်သွားတော့သည်။ဂျွန်ထွက်သွားတာကိုကြည့်ရင်းအရင်ကပုံရိပ်လေးတွေပြန်မြင်လာမိသည်။ဂျွန်ကအလုပ်မသွားခင်သူ့ကိုနမ်းပြီးမှသွားနေကျအခုကျတော့သူ့ကိုနမ်းဖို့နေနေသာသာအထိအတွေ့တောင်သိပ့်မလုပ်တော့တဲ့ဂျွန်ကြောင့်ဝမ်းနည်းမိသည်။သူသာအဲ့လိုမလိမ်ခဲ့ဘဲနဲ့မယူဘဲထားရင်အခုချိန်ဆိုဂျွန်က ရှင်းယူရီဆိုတဲ့မိန်းမနဲ့လင်မယားတွေဖြစ်နေလောက်ပြီလေ။

ဘာလိုလိုနဲ့ထယ့်ဗိုက်လေးလည်း၃လကျော်နေပြီဖြစ်သည်။သူ့ရဲ့ကိုယ်ဝန်သုံးလ‌သာရောက်ခဲ့ပေမယ့်ဂျွန်ရဲ့ဂရုစိုက်မူ့ကတော့မရောက်လာခဲ့ပါ။တစ်ခါတစ်လေကျကောင်းပြပေမယ့်တစ်ခါတစ်လေကျအရမ်းကိုနာကျင်အောင်လည်းလုပ်တတ်သည်။
သူဝမ်းနည်းလို့ရင်ဖွင့်ချင်လည်းဂျီမင်းတို့ကမရှိ။သူတို့ကဆွဇ်ဇလန်ကိုရောက်နေလေပြီ။အိမ်ကိုဘယ်ကမိန်းမတွေလည်းမသိအမြဲခေါ်ခေါ်လာပြီးသူပျော်ချင်တိုင်းပျော်တယ်။အခုလည်းရှင်းယူရီနဲ့ပတ်သတ်နေပြန်တယ်။ဂျွန်ဒီလိုတွေလုပ်နေတာသူ့အတွက်တော့အရမ်းကိုနာကျင်ရသည်။ညတိုင်းတစ်ယောက်တည်းကြိတ်ငိုခဲ့ရတဲ့ညပေါင်းမနည်း။သူလည်းအပစ်ကြီးကြီးမားမား မလုပ်ထားပေမယ့်အခုသူခံနေရတာကဒဏ်ကတော်တော့်ကိုကြီးမားသည်။
.
.

Miracle Of Love (Complete)Opowieści tętniące życiem. Odkryj je teraz