Unicode
"အကိုထယ်ယောင်းရေ!!!"
လူမလာသေးဘဲအသံသာအရင်ရောက်လောသောမင်း
ဂျွန်းဘာဖြစ်မှန်းမသိအသည်းအသန်အော်နေတာ"ငါဒီမှာရှိတယ်မင်ဂျွန်းရေ"
သူ့အရှေ့ကိုအလောတကြီးရောက်ချလာတဲ့သူ့ကြောင့်ကိုယ်မှာလန့်လာရသည်။ဘာများဖြစ်လို့လဲ အိမ်မှာမီးလောင်လို့လားးး?? အယ်.မဟုတ်တာ လျှောက်တွေးနေတာဘဲငါတော့!!
"ဘာဖြစ်လာတာလဲမင်ဂျွန်းအဆင်ပြေရဲ့လားး"
"ဟို ဟို "
"ကဲတစ်ဟိုဟိုနဲ့ဘာဖြစ်နေတာလဲ"
"အကိုဂျောင်ဂု ရောက်နေတယ်!"
"ဘာ!"
ဘယ်လိုဖြစ်ပြီးထပ်ရောက်လာတာပြန်လဲ?ငါ့ကိုအခုထိစိတ်ဒုက္ခလိုက်ပေးနေတုန်းလားးး
"ဟုတ်တယ်အကိုထယ်ယောင်းသူအရှေ့မှာစောင့်နေတယ် ဘာကိစ္စလဲတော့မသိဘူးးးကျနော်ပြောတာလုံးဝမပြန်ဘူးးအကိုထယ်ယောင်းနဲ့ဘဲပြောချင်တာတဲ့"
"ဟုတ်ပြီငါအခုဘဲသွားလိုက်မယ်"
လုပ်လက်စအလုပ်တွေကိုချကာ ထွက်ခဲ့လိုက်သည်။အခုထိကိုသူကိုအလွတ်မပေးသေးဘူးဘဲ။
ခြံရှေ့မှာရပ်စောင့်နေတဲ့ဂျောင်ဂုကိုမြင်ေတာ့သက်ပျင်းချလိုက်ကာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
"ဘာကိစ္စလဲ ဒီကိုလာတာလဲ ဂျောင်ဂုရှီးး"
"ထယ် ကိုယ်တို့စကားခနပြောရအောင်"
သူ့ဘက်ကနေ လိုလိုလားတောင်းဆိုတာကိုထယ်ယောင်းနားမလည်စွာကြည့်နေမိသည်။
အခုကျမှဘာလို့ ကျနော့်နားကိုပြန်ကပ်ချင်နေရတာလဲ???
"ကျနော်ဘက်ကတော့ ပြောစရာမရှိဘူး ဂျွန်ဂျောင်ဂု ပြန်ပါတော့"
"ထယ် နေပါအုံး မင်းမသိသေးတဲ့အကြောင်းတွေပြောပြစရာအများကြီးရှိသေးတယ် ထယ်"
"ဒီမှာ ခင်ဗျားး အကိုထယ်ယောင်းကပြောစရာစကားမရှိဘူးလို့ပြောပြီးပြီမလားးး ပြန်တော့ "
ဘေးကနေကြည့်နေတဲ့မင်းဂျွန်းက စိတ်မရှည်တော့တာကြောင့်ဝင်ပြီးပြောတော့ ထယ်ယောင်းကအနောက်ကနေပြန်ဆွဲထားရလေသည်။ မင်ဂျွန်းက အရမ်းကိုစိတ်ကြီးတတ်သေးတာ
KAMU SEDANG MEMBACA
Miracle Of Love (Complete)
Fiksi Penggemarခင်ဗျားကိုမုန်းတယ်ကိုယ့်သွေးသားကိုပြန်သတ်ခဲ့တဲ့ခင်ဗျားကိုအရမ်းမုန်းတယ်။အခုမှလာပြီးကျနော်နဲ့မပတ်သတ်ချင်ပါနဲ့တော့ခင်ဗျားလိုလူစိတ်မရှိတဲ့လူကိုကျနော်အရမ်းရွံ့တယ်။ kim Taehyung ကိုယ်တကယ်မလုပ်ခဲ့ပါဘူးထယ်ရယ်ကိုယ်...