part 29 final

1.3K 51 1
                                    

Unicode

"သမီးရေ အမြန်လုပ် ပါပါးတို့နောက်ကျမယ်"

ဒီနေ့က ကျနော်တို့မိသားစု‌လေးရဲ့ ခရီးသွားမယ်ဆိုတဲ့စိတ်ကူးလေးကိုအကောင်ထည်ဖော်တဲ့နေ့လေးပင်။ ‌သမီးလေးကိုဘယ်သွားချင်လဲပြီး မေးကြည့်တော့ ပင်လယ်ကိုတဲ့ကိုယ်နဲ့စိတ်တူနေတာကြောင့်ဝမ်းသာမိသည် မင်ဂျွန်းတို့ မဂ်လာဆောင်ပြီးတည်းက ဂျောင်ဂုက ထယ်ရဲ့အိမ်မှာနေတာများသည်။ သူ့အိမ်နဲ့က‌ ဘေးချင်းကပ်ရပ်ဆိုတော့ နစ်အိမ်လုံးမှာ မျှနေဖြစ်ကြသည်။

"သမီးလေး မလိုအပ်တာတွေမယူရဘူးနော်"

ကုတင်ပေါ်တွင်ထိုင်ကာ သမီးလေးရဲ့ အကျီတွေကို သေချာခေါက်ပြီး ခရီးဆောင်အိတ်ထဲမှာထည့်ပေးနေတုန်း ဂျွန်ရဲ့ ကားသံကြောင့် လူကအလိုလိုပြုံးမိသည်။ ဥက္ကဌကြီးက လည်းပြန်ရောက်နေပြီမို့ ဂျောင်ဂုကဥက္ကဌကြီးနဲ့အမြဲ သွားစကားပြောဖြစ်သည်။အခုလည်း ဥက္ကဌကြီးစီက ပြန်လာတာပင်။ ဥက္ကဌကြီးက candyလေးကိုအရမ်းချစ်ပြီး ပါးစပ်ကပင်မချ ငါ့မြေးလေး ငါ့မြေးလေးနဲ့ပင်။ ဂျောင်ဂုက သွားရင် မုန့်တွေအရုပ်တွေအမြဲတမ်းဝယ်ဝယ်ထည့်ပေးသည်။

"ပါပါး ဒယ်ဒီပြန်လာပြီ"

ဂျောင်ဂုက candy လေးရဲ့အခန်းထဲကို အထုတ်တွေဆွဲကာ ဝင်လာလေသည်။ သိလိုက်ပါပြီ ဥက္ကဌကြီး ထပ်ထည့်ပေးလိုက်တယ်ဆိုတာ..

"ဒယ်ဒီ သမီးလေးတောင်အဆင်သင့်ဖြစ်နေပြီဘဲ"

"ဟုတ် ဒယ်ဒီ"

"ဂျွန် ဥက္ကဌကြီးကမုန့်တွေထည့်ပေးလိုက်ပြန်ပြီလား"

ဂျောင်ဂုလည်း ရီကာ ခေါင်းငြိမ့်ပြပြီး ကြတင်ပေါ်တက်ကာ ထယ်ယောင်းနားဝင်ထိုင်လိုက်သည်။

"ပြောလည်းမရဘူး အတင်းကိုထည့်ပေးလိုက်တာ သူ့ရဲ့မြေးလေးကိုပေးလိုက်ပါဆိုပြီး"

သမီးလေးကလည်း မုန့်ဆိုတဲ့အသံကြားတာနဲ့ ဆော့လက်စအရုပ်တွေကိုပြစ်ချကာ ကုတင်ပေါ်ပြေးတတ်လာလေသည်။

"ဒယ်ဒီ ဒီမုန့်တွေက ဖိုးဖိုးပေးလိုက်တာပေါ့နော်"

"ဒါပေါ့"

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 29, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Miracle Of Love (Complete)Donde viven las historias. Descúbrelo ahora