part 3

1.3K 62 0
                                    

"ဘယ်လိုလဲရှာတွေ့ပြီလား"

ပြင်သစ်က‌ နေပြန်လာပြီးအိမ်ကိုပြန်ရောက်ရောက်ချင်းတန်းမေးလာ‌ သောဥက္ကဌရဲ့အမေးကြောင့်အတွင်းရေးမှူးဟန်မှာဘာဖြေရမှန်းမသိ

"ငါမေးနေတယ်လေအတွင်းရေးမှူးဟန်!!!"

အသံမာပြီမေးလိုက်တော့မှဟိုလိုလိုဒီလိုလိုလုပ်နေတဲ့အတွင်းရေးမှူးကိုထထိုးချင်စိတ်တစ်ဖွားဖွားသူ့အဲ့လောက်ထိစိတ်မရှည်မှန်းသိရက်နဲ့ကိုအချိန်ဆွဲနေတာဘဲ။

"ဟို ဟို ရှာမတွေ့သေးပါဘူးဥက္ကဌဒါပေမယ့်တစ်ခု တော့သိရပါတယ်"

"ဘာလဲ"

"ဟို ထယ်‌ယောင်းကိုရှာမတွေ့သေးဘဲနဲ့သူ့ရဲ့သူငယ်ချင်းယွန်းဂီနဲ့ဂျီမင်းကိုတော့တွေ့ပါတယ်"

ယွန်းဂီနဲ့ဂျီမင်း??သူတို့နစ်ယောက်ကထယ့်ရဲ့အချစ်ဆုံးသူငယ်ချင်းတွေဘဲ။ ထယ်ပျောက်ပြီးတည်းကသူတို့နစ်ယောက်လည်းလုံးဝအစရှာမရတာ။အခုပြန်တွေ့တယ်ဆိုတော့သူတို့နစ်ယောက်ကအစကဘယ်မှာရှိနေခဲ့တာလဲ။ထယ်ကရောဘယ်မှာလဲ??

"ဘယ်မှာတွေ့တာလဲ!!"

"ဟို ဥက္ကဌဖွင့်ထားတာမကြာ‌ သေးတဲ့J gerden school မှာပါ"

"ဘယ်လို!!သူတို့နစ်ယောက်ကဘာလာလုပ်တာလဲ"

"ဟိုကျနော်သိရသလောက်တော့ကလေးကျောင်းလာအပ်တာတဲ့"

ကလေးကျောင်းလာအပ်တာ??သူတို့က ကလေးမွေးလိုက်တာလား။ကလေးတောင်ရနေပြီပေါ့။ပျောက်တုန်းကပျောက်နေပြီးအခုမှပြန်ပေါ်လာကြတယ်။ပေါ်လာတော့ကလေးနဲ့လား။သူတို့ကလေးကောဟုတ်ပါ့မလား....

"ငါ့ကိုစုံစမ်းပေးထားမနက်ဖြန်ငါအဲ့ကိုသွားမယ်"

"ဟုတ်ကဲ့ဥက္ကဌ"
.
.
.

"သမီးကျောင်းမှာသူငယ်ချင်းတွေနဲ့တည့်အောင်နေရမယ်နော်၊အရမ်းလည်းမဆော့နဲ့၊သူများကျွေးတာမစားနဲ့နော်"

သမီးလေးကိုပထမဆုံးမူကြိုပို့မှာမို့မှာနေရခြင်းဖြစ်သည်။ဒီကို‌ ရောက်တာလည်း၄ရက်လောက်ရှိနေပြီ‌ဆိုတော့သမီးလေးကိုအိမ်မှာဒီအတိုင်းထားလို့မဖြစ်မူကြိုပို့ဖို့ဂျီမင်းကအကြံပေးတော့သူ့သမီးလေးကိုအခုမူကြိုပို့မို့ပြင်ဆင်နေခြင်း။သမီးလေးကဟိုမှာနေတုန်းကတော့သူငယ်ချင်းတွေရပေမယ့်ဒီမှာကအသစ်လိုဖြစ်သွားတော့သူငယ်ချင်းတွေကအနိုင်ကျင့်မှာလဲကြောက်ရသေးသည်။

Miracle Of Love (Complete)Where stories live. Discover now