part 10

1.1K 62 2
                                    

Unnicode

ထယ်ယောင်းတစ်ယောက်အိမ်ရှေ့ခြံထဲမှာပန်းပင်တွေရေလောင်ရင်းသူ့သမီးလေးဆော့တာကိုကြည့်ကာသဘောကျကာပြုံးနေလေသည်။ဘေးခြံကိုအကြည့်ရောက်ပြန်တော့စိတ်ထဲမအီမသာဖြစ်ရပြန်သည်။‌သူနေတယ်တာပြောတာအခုထိလည်းအရိပ်အယောင်တောင်မတွေ့ရပါလား??ဒါလည်းကောင်းတာပေါ့မတွေ့ရတာ ။

တီးတောင်!!တီးတောင်!!

ဘယ်သူပါလိမ့်??ဧည့်သည်လာမယ်လို့လဲမပြောကြပါဘူး?ထယ်ယောင်းလည်းပန်းပင်ရေလောင်းတဲ့ပိုက်ကိုပစ်ချခဲ့လိုက်ပြီးခြံတံခါးကိုသွားဖွင့်ပေးဖို့လုပ်လိုက်သည်။

"လာပါပြီ!"

သူလည်းခြံတံခါးစီအမြန်ပြေးကာဖွင့်လိုက်တော့မြင်လိုက်ရဲ့လူကြောင့်ခြံတံးခါးကိုပြန်ပိတ်ဖို့လုပ်လိုက်တော့ထိုလူကတံခါးကိုပြန်တွန်းထားလေသည်။ထိုလူကတော့ ဂျွန်ဂျောင်ဂုပင်ဖြစ်သည်။

တံခါးလည်းပြန်ပိတ်မရတာကြောင့်ထယ်ယောင်းလည်းစိတ်ကိုလျှော့ချလိုက်ပြီးအခုချိန်ဖြတ်ကျော်ဖို့သာစိတ်ထဲထားလိုက်သည်။ဒီလူနဲ့ကပြီးပြီးသားကိစ္စဘဲဘာမှမဖြစ်လောက်ပါဘူးခနတာပြန်တွေဆုံတယ်ဘဲသဘောထားလိုက်မယ်။သူတွန်းထားတဲ့တံခါးကိုပြန်ဆွဲဖွင့်လိုက်ပြီးမျက်နာချင်းဆိုင်ရပ်လိုက်လေသည်။

"ကိုယ့်ကိုမြင်တာဘာလို့အဲ့လောက်တုန်လူပ်သွားတာလဲထယ်!"

"ဒီမှာခင်ဗျားဘာလာလုပ်တာလဲကျနော့်အိမ်ကို"

သူ့စကားကိုခနဲ့သလိုရီလိုက်သောဂျောင်ဂုကြောင့်ဘေးနားမှာရှိတဲ့အုတ်ခဲနဲ့ထုချင်စိတ်တဖွားဖွား

"ကိုယ့်ရဲ့အိမ်နီးချင်းကိုလာနူတ်ဆက်တာပါထယ်နဲ့တွေ့ရမယ်လို့မထင်မိဘူးကွာ"

"နူတ်ဆက်ပြီးပြီးမလားပြန်တော့"

"နေပါအုံးးးခနလောက်စကားပြောပါရစေထယ်ရယ်ကိုယ်တို့မတွေ့ရတာအရမ်းကြာနေပြီလေ"

"ထယ်လို့မခေါ်ပါနဲ့ကျနော့်ကို ကျနော်နဲ့ခင်ဗျားကဘာမှ မှမဆိုင်တော့တာ"

"မဆိုင်တော့ဘူးဟုတ်လား??ဆိုင်တာရှိနေတယ်ဆိုရင်ရော"

ဂျောင်ဂုရဲ့စကားကြောင့်ဒီတစ်ခါတကယ်တုန်လူပ်သွားမိသည်။ဆိုင်တာတစ်ခုရှိတယ်ဘာများလဲသူသိသွားပြီလားသမီးလေးကသူ့သမီး‌ဆိုတာ မဖြစ်နိုင်တာသူ ဘယ်လိုသိနိုင်မှာလဲ???

Miracle Of Love (Complete)Donde viven las historias. Descúbrelo ahora