Part 17

900 52 6
                                    

Unicode

"ဂျောင်ဂု! DNA ရဲ့ရလဒ် ထွက်လာပြီတဲ့ ငါအခုသွားယူပြီးမင်း စီလာခဲ့မယ်"

"ကောင်းပြီ ငါစောင့်နေမယ်"

မနက်စာစားနေရင်း Hoseokစီကဖုန်းကြောင့် ရင်တွေတုန်ကာ စားနေတဲ့မုန့်တွေတောင် ဆက်မစားနိုင်တော့ဘဲ ရင်တွေခုန်နေရသည်။

အဖြေရလဒ်မှာ candyကငါ့သမီးမဟုတ်ရင်ကော??ငါဘယ်လိုလုပ်ရမလဲ! ဒါပေမယ့်ထယ်က သစ္စာမဲ့တဲ့လူတော့မဟုတ်ဘူး ငါယုံကြည်တယ် candyလေးက ငါ့သမီးလေးဘဲဖြစ်မယ်ထင်တယ်!!

//

Hoseokတစ်ယောက်ဆေးရုံမှာ DNAရလဒ်ထွက်လာတာကြောင့် သူလည်းစိတ်လူပ်ရှားရင်းနဲ့သွားယူရသည်။ သူလည်းသူ့သူငယ်ချင်းအတွက် ရင်ခုန်ပေးနေရသည်။ တကယ်ဘဲ သူ့သမီးသာဆို အတိုင်းမသိဝမ်းသာနေမှာအသေအချာပင်။ သူ့သမီးမဟုတ်ရင်တော့ သူစိတ်ခုသွားမလားမသိဘူး လွန်ခဲ့တဲ့ ၆နစ်ကထယ်ယောင်းကိုယ်ဝန်ပျက်ကျသွားတဲ့ကိစ္စကိုသူ သိသွားတုန်းဆို ရူးမလိုပါဖြစ်သွားခဲ့တာလေ ဟူးးးဂျောင်ဂုရယ် မင်းအစားငါပါရင်တုန်နေရတယ်.....

လွန်ခဲ့တဲ့၆နစ်တုန်းက....

"သူဌေးလေးဂျွန် အဒေါ်ပါ"

"ဟုတ်ပြောပါ "

"ဟို ဟိုလေ"

"ဘာကိစ္စမို့လို့လဲ အဒေါ်"

"ဟို ထယ်ယောင်း ထယ်ယောင်းလေး ကိုယ်ဝန်ပျက်ကျသွားပြီသူဌေးလေး"

"ဘာ!!!!!"

အဒေါ်ဖုနဆက်ချိန် ဂျောင်ဂုကhoseokနဲ့ စကားပြောနေခြင်းပင်ဒါပေမယ့်ထယ်ယောင်းရဲ့ ကိုယ်ဝန်ပျက်သွားပြီဆိုတဲ့စကားကြောင့် လူကပြာသွားကာရူးမလိုပင်ဖြစ်သွားရသည်။ခုနလေးတင် တွေ့ခဲ့တာအကောင်းကြီးပါ မဖြစ်နိုင်ဘူး!

"အဒေါ် ဒါမျိုးကနောက်စရာမဟုတ်ဘူးနော် လာမနောက်နဲ့!!!"

"ဟို အဒေါ်မနောက်ပါဘူး သူဌေးလေးရယ် ထယ်ယောင်းရဲ့ကိုယ်ဝန်ကတကယ်ပျက်ကျသွားပါပြီးတော့ ထယ်ယောင်းက သူဌေးလေးပေးခဲ့တဲ့ဆေးကြောင့်ကိုယ်ဝန်ပျက်သွားတာပါ ပြီးတော့ ထယ်ယောင်းက သူဌေးလေးကိုစာချုပ်တစ်ခုလည်းပေးသွားပါတယ်ပြီးတော့ သူ့ကိုလိုက်မရှာပါနဲ့လို့လည်းပြောသွားပါတယ်"

Miracle Of Love (Complete)Tempat cerita menjadi hidup. Temukan sekarang