part 19

899 44 2
                                    

Unicode

"ဒါက??"

"ဟုတ်တယ် candyလေးနဲ့ကိုယ်က သားအဖအရင်းတွေဖြစ်ကြောင်းသက်သေပေါ့"

"ဘယ်လို??"

ထယ်ယောင်းမှာ စာရွက်ကို ကိုင်ထားပြီးဘာမှဆက်မပြောနိုင်တော့ဘဲ ကြောင်စွာရပ်ကြည့်နေမိသည်။

"ထယ်က ဒီအမှန်တရားကိုဘယ်တော့မှမဖော်မှန်းသိလို့ အခုလိုကိုယ့်ဘက်ကနေ ဖော်ထုတ်ရတာပေါ့"

"ဒီမှာ ခင်ဗျားရူးနေပြီလားး!! ခင်ဗျားကိုယ်တိုင် ကျနော့်တို့သားအဖကိုသတ်ခဲ့တာလေ ဘာလို့အခုမှဒီလိုတွေလိုက်လုပ်နေရတာလဲ"

ထယ်ယောင်းက ဒေါသဖြစ်ကာ ပြန်ပြောတော့ ဂျောင်ဂုမှာ ထယ်ယောင်းရဲ့စကားကြောင့် မျက်နာပျက်ကာ ထယ်ယောင်းရဲ့ လက်ကိုလှမ်းဆွဲလိုက်သည်။
ထယ်ယောင်းလည်းသူ့လက်ကိုလှမ်းဆွဲတာကြောင့် အတင်းပြန်ရုန်းတော့

"မရုန်းနဲ့ ကိုယ်ပြောတာအရင်နားထောင်!"

ဂျောင်ဂုရဲ့စကားကြောင့် ထယ်ယောင်းလည်းငြိမ်သွားကာ

"ထယ် ထယ်အထင်မှားနေတာ ကိုယ်ဘယ်တုန်းကမှ ထယ်နဲ့ကလေးအပေါ် ဒီလိုမယုတ်မာခဲ့ဘူး ပြီးတော့ ဒါတွေက ထယ်မသိတာတွေအများကြီးရှိတယ် ထယ်အပေါ်ကိုယ်အရမ်းလွန်ခဲ့တယ် ကိုယ်သိတယ် ဒါပေမယ့်ဒါတွေက ထယ်တစ်နေ့ကျနားလည်လာမှာပါ ထယ်"

ဂျောင်ဂုရဲ့စကားကြောင့်ထယ်ယောင်လည်း ခပ်ဟဟရီလိုက်သည်။

"ဒီမှာ ဂျွန်ဂျောင်ဂု ခင်ဗျားကျနော့်အပေါ်ရိုင်းစိုင်းခဲ့တယ် အများကြီးကျနော်ကိုစိတ် ဒုက္ခပေးခဲ့တယ် ဒါကိုကျနော်ကဘာကြောင့် နားလည်လာပေးရမှာလဲ ရူးနေလားးး!!!!"

"ထယ် ကိုယ်အခုတကယ်ပြောပြလို့မရသေးလို့ပါ ဒါပေမယ့်အမှန်တရားကတစ်နေ့ပေါ်လာမှာပါ ထယ်"

"ခင်ဗျားစကားကိုယုံရအောင် ကျနော်ကအရူးလားး အခုချက်ချင်းပြန်ပါတော့ ကျနော့်ခြံထဲကထွက်သွား"

"မသွားဘူး ကိုယ်အခု ထယ့်စီကခွင့်တောင်းစရာရှိတယ်"

"ဘာလဲ!!??"

"ကိုယ့်နဲ့ သမီးလေးကိုပေးတွေ့ရမယ် တစ်ပတ်မှာ ၄ရက်လောက်ဖြစ်ဖြစ်ပေါ့"

Miracle Of Love (Complete)Where stories live. Discover now