အခန်း*3*

231 26 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
ပထမဆုံး ဈေးဝယ်သူ

အချိန်တွေက တိတ်ဆိတ်စွာ ကုန်ဆုံးရင်း ၅ရက်ဆိုတဲ့ အချိန်ကိုကျော်လွန်ခဲ့ပြီဖြစ်သည်။ ဆိုင်အရှေ့နားက ကျောက်ကုလားထိုင်ပေါ်မှာ အေးဆေးစွာထိုင်နေတဲ့ လို့ချွမ်ကိုကြည့်လိုက်လျှင် ဇိမ်ယူနေသည်ဟု ထင်ရသော်လည်း ရင်ထဲမှာတော့ ဘူးသီးတွေသီးနေပြီး သက်ပြင်းအခါခါချ နေမိသည်။
ဒီလောက်လမ်းကြားထိပ်မှာ လူသွားလူလာများတာတောင် မည်သူမျှယောင်လို့တောင် ဆိုင်လမ်းကြားကို မျက်တောင်ခတ်ကြည့်မသွားသည်မှာ တော်တော်ခံပြင်းစရာကောင်းလှသည်။
“ငါးရက် ။ ငါးရက်တိတိ ရှိခဲ့ပြီ ။ အခုထိ ကိုလာ တစ်ဗူးတောင်ရောင်းရသေးဘူး” နေဝင်တော့မည့်အချိန်ကိုကြည့်ရင်း လို့ချွမ် တစ်ယောက် တိတ်ဆိတ်စွာ အချိန်တွေကိုသာ ထိုင်ရေနေတော့သည်။ ကနေ့လည်း ဈေးဝယ်မည့်သူမလာလောက်တော့ဘူးဟု စဉ်းစားရင်း တံခါးပိတ်ဖို့ ထလိုက်ချိန်တွင် ဆိုင်ရှေ့လမ်းကြားမှ အသံတစ်ခု ထွက်ပေါ်လာလေသည်။
“ဒေါက် ဒေါက် ဒါက်” (တံခါးခေါက်သံ)
“အခုလို လူပြတ်တဲ့လမ်းကြားလေးထဲမှာ ဈေးဆိုင်ဖွင့်ထားတာဆိုတော့ ခင်ဗျားကတော်တော် အမြင်ရှိတာပဲ၊ သူဌေး” အနက်ရောင်ပိုးထည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဆိုင်ထဲဝင်လာလျှက် ပြောလိုက် သည်။
ဈေးရောင်းရရန် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုဖြစ်သော လူငယ်ကိုမြင်လိုက်သည်နှင့် လို့ချွမ် တစ်ယောက် တော်တော်ပျော်သွားသည်။( မင်းဘာသာဘာပြောပြော ဈေးရောင်းရဖို့ အဓိက)
“ဝိုင်ကောင်းရနံ့ဟာ လမ်းကြားအရှည်ကို မကြောက်ဘူး(လမ်းဆုံးတဲ့အထိမွှေးခြင်းကိုဆိုလို) ပစ္စည်းတွေသာကောင်းနေပါစေ စီးပွားရေးဆိုတာ ဖြစ်လာမှာပါ ၊ ဆိုတဲ့ရှေးစကားရှိတယ်မလား” လို့ချွမ်ကလူငယ်ကိုကြည့်ပြီး ရုပ်တည်ကြီးဖြင့် ဖောလိုက်လေသည်။
လူငယ်သည် ထိုစကားများကို ကြားပြီးနောက် နားထောင်ကောင်း၍ ခဏအရသာခံနေလိုက်၏။( အလဲ့ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်)
“ဝိုင်ကောင်းရနံ့ဟာ လမ်းကြားအရှည်ကိုမကြောက်ဘူး၊ ကောင်းတယ်၊ တော်တော်ကောင်းတဲ့စကားပဲ ၊ဒီလိုစကားမျိုးမျှော်လင့်မထားဘူး သူဌေးရေ၊ (နှိမ်တာလား) ခင်ဗျားတော်တော် လာတဲ့သူပဲ။” ပုလိုင့်တစ်ယောက် လို့ချွမ်၏ စကားများကို သဘောကျပြီး ရယ်ရင်းပြောလေသည်။
သာမာန်လူတစ်ယောက် ပုလိုင့်ဆိုတဲ့ နာမည်ကို ကြားလျှင်တော်တော်ကို အံ့အားသင့်သွားကြမည် ပင်ဖြစ်သည်။ ပု ဆိုသောအမည်မှာ နန်ဟော်မျိုးနွယ်၏ မျိုးရိုးအမည်ဖြစ်ပြီး ထျန်ရှင်းအင်ပါယာတွင် နှစ်ယောက်မရှိသောကြောင့်ဖြစ်သည်။ နန်ဟော်အိမ်တော်၏ ပုလိုင့်သခင်လေးသည်လည်း နာမည်ကြီး တစ်ယောက်ဖြစ်သည်။
“ဒါဆိုလည်း ဆိုင်ထဲကို ဝင်ကြည့်ပါ။” ဟုလို့ချွမ် ဖိတ်ခေါ်လိုက်သည်။
ပုလိုင့် ဆိုင်ထဲသို့ဝင်လာရင်း ဆိုင်အခြေအနေကို အကဲခတ်လိုက်သည်။ ဆိုင်ရဲ့ အပြင်အဆင်ကိုကြည့်ရင်း ပုလိုင့် တော်တော်အံ့ဩသွားသည်။ ကျန်းနန်ဟော်၏ သားတစ်ယောက်ဖြစ်သည်နှင့်အညီ ပုလိုင့်သည် ဗဟုသုတ ပြည့်ဝသူတစ်ယောက်ဖြစ်သည်။ သို့သော် ဒေသထဲတွင် ယခုကဲ့သို့ဆိုင်မျိုး တစ်ခါမျှမမြင်ဘူးသော ကြောင့်ဖြစ်သည်။
“ဒီဆေးသုတ်ထားတဲ့မှန်ဘောင်တွေက လေလံပွဲတွေမှာတောင်သုံးလို့ရတယ်။ဒီမှာတော့ ကောင်တာနဲ့ စင်တွေမှာပဲ သုံးထားတယ်။ ငါပဲအိပ်မက်မက်နေတာလား။” ပုလိုင့် စိတ်ထဲတွေးနေမိသည်။
ထျန်ရှင်းအင်ပါယာ၏ ကုန်ထုတ်လုပ်မှုအရ ဆေးသုတ်ထားတဲ့ဘောင်တန်းတွေသည် အလွန်ကို အဖိုးတန်သည်။ တော်ဝင်မျိုးနွယ်များသာ အဆောင်အယောင်အနေဖြင့် ထားလေ့ရှိကြသည်။
“ဆိုင်က ပစ္စည်းတွေကို ဟိုကစင်တွေပေါ်မှာ စီထားပါတယ်။ ကိုယ့်ဘာသာ သွားကြည့်နိုင်ပါတယ်။”လို့ချွမ် ကိုလာဗူးတွေစီထားသောစင်တွေဘက်ကို ညွှန်ပြလျှက် ပြောလိုက်သည်။ ထိုအချိန်မှသာ အံ့အားသင့်နေသော ပုလိုင့် တစ်ယာက် အသိစိတ်ပြန်ကပ်လာပြီး စင်တွေဘက်ကို လမ်းလျှောက်သွားလိုက်သည်။
“တစ်၊ နှစ်၊ သုံး၊…” ဟု လို့ချွမ်အချိန်ကိုသာ တိတ်ဆိတ်စွာ ရေပြီး စောင့်နေမိတော့သည်။ ခဏအကြာမှာတော့ ပုလိုင့်ဆီမှ လို့ချွမ်မျှော်လင့်နေသော အသံတစ်ခု ထွက်ပေါ်လာလေတော့သည်။
“အိုးခိုင်မော…..၊ ဒဏ်ရာတွေကို ချက်ချင်းပျောက်ကင်းစေသည်တဲ့။ သူဌေးရေ နောက်နေတာတော့ မဟုတ်ဘူးမလား။” ဟု ပုလိုင့် ကိုလာတွင်ပါဝင်သော အညွှန်းကို ဖတ်ပြီးသည်နှင့် စိတ်လှုပ်ရှားစွာ အော်ပြောလိုက်လေသည်။

Written by- Li Tain Wang Liang
Translated by- Myintmo

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now