အပိုင်း(16)

173 23 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၁၆)- ကျေးဇူးပြုပြီး၊ အေးဆေး ထွက်သွားလိုက်ပါ

ကျင့်ကြံခြင်းအဆင့်မြှင့်တင်ပေးသော အစွမ်းရှိသည့် ပစ္စည်းကို သလင်းကျောက်တစ်ရာဖြင့် ရလျှင် တော်တော်ကို ကောင်းမည်ဖြစ်သည်။ သို့သော် လူငယ် မျှော်လင့်ထားသည်နှင့် တခြားစီဖြစ်လာခဲ့သည်။

“ဆိုင်စည်းကမ်းအရ၊ လူတစ်ယောက်က ပစ္စည်းတစ်မျိုးကို တစ်ခုပဲ ဝယ်ခွင့် ရှိပါတယ်”
လို့ချွမ်က ခေါင်းကို ရမ်းလျှက် ငြင်းလိုက်သည်။

လူငယ်က မျက်မှောင်ကြုံ့လိုက်ပြီး
“ဈေးနှစ်ဆ ပေးလိုက်မယ်” ဟုပြောပြန်သည်။

သလင်းကျောက် နှစ်ရာနှင့် အစပ်ချောင်းကို ရမည်ဆိုလျှင်လည်း မစိုးဘူးဟုတွက်လိုက်သည်။

လို့ချွမ်က ခေါင်းကို လေးဆယ့်ငါး ဒီဂရီ မော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ထို့နောက် ကမ္ဘာတစ်ဝန်းတွင် အသုံးပြုနေကြသော စကားတစ်ခွန်းကို ပြောလိုက်လေသည်။
“တကယ်တော့၊ ငွေက အရေးမကြီးပါဘူး”(ဒီနေရာမှာတော့ သလင်းကျောက်ပေါ့ဗျာ)

လူငယ်က ထိုစကားကိုကြားတော့ အနည်းငယ် ရှော့ရသွားသည်။တော်တော်လေးလည်း ဒေါသထွက်သွားပြီး ရယ်လိုက်သည်။

“ဟဟ၊ ကောင်းတယ်၊ တော်တော်ကို ကောင်းတယ်၊”
လူငယ်၏ မျက်လုံးများးသည် သည်းညည်းမခံနိုင်တော့မှန်း သိသာနေသည်။

“ငါပြောလိုက်မယ်၊ ကိုလာနဲ့ အစပ်ချောင်းတွေတင်မကဘူး၊ ဆိုင်ကိုလည်း ငါလိုချင်တယ်၊
ပြီးတော့ တစ်ခုသိထား ဒီအတိုင်းပဲ ယူမှာ၊ ဝယ်မှာ မဟုတ်ဘူး၊ ကျို့ယောင် မြို့ထဲမှာသာ မဟုတ်ခဲ့ရင် မင်းအသက်ကို မင်းမပိုင်တော့တာကြာပြီ၊ အခုငါ သဘောကောင်းနေတုန်းထွက်သွားလိုက်တော့”
လူငယ်က လို့ချွမ်အားအေးစက်စွာ ကြည့်ရင်း ကြောက်စရာကောင်းလောက်အောင်ပြုံးပြီးပြောလိုက်သည်။

သူ့စိတ်ထဲတွင် လို့ချွမ်က ဒီပစ္စည်းတွေကို ကျင့်ကြံသူတွေ နေသွားခဲ့တဲ့ ဂူတစ်ခုခုထဲက တွေ့လာသည်ဟုထင်နေသည်။ ထျန်လန်တိုက်တွင် ထိုသို့သော ပစ္စည်းမျိုးအား မကြာခဏ တွေ့တတ်ကြသည်။ ဒါပေမယ့် လို့ချွမ်က ပစ္စည်းတွေရဲ့ တကယ့်တန်ဖိုးစစ်စစ်ကို မသိသောကြောင့် ကိုလာနှင့် အစပ်ချောင်းများကို ဈေးပေါပေါဖြင့် ရောင်းနေသည်ဟု ထင်သည်။ 

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now