အပိုင်း(35)

144 18 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၃၅)- ကျိုးဟူနှင့် အဖွဲ့

လို့ချွမ် မနက်စာဝယ်ရန် အပြင်သို့ထွက်သွားသည်။ ယောင်ကျိယန်တစ်ယောက်တည်း ပဟေဠိများဖြင့် ကျန်နေခဲ့သည်။

“သူဌေးက မနေ့ညက တစ်ညလုံးအိပ်နေတာမဟုတ်ဘူးလား…. ဘာလို့ ပစ္စည်းအသစ်က မနက်ကျ ဆိုင်ပေါ်ရောက်နေတာလဲ…”

ယောင်ကျိယန်ကသူမ မစဉ်းစားနိုင်သော အရာကို ဆက်လက် စဉ်းစားမနေတော့ပဲ ဆိုင်အောက်သို့ ဆင်းလာသည်။ အောက်ထပ်သို့ရောက်သောအခါ လို့ချွမ်ပြောသည်နှင့် တစ်ထပ်တည်းပင်။ စတိုးဆိုင်၏ ထောင့်တစ်နေရာတွင် ငွေဖြူရောင် သတ္တုဖြင့် ပြုလုပ်ထားသော ပစ္စည်းတစ်ခုကို တွေ့လိုက်သည်။
အနီးကပ်သွားကြည့်သောအခါ နာမည်ကဒ်ပြားတွင် ရေပူစက်ဟု ရေးထားသည်။ နာမည်ကို ကြည့်ပြီး ယောင်ကျိယန် စိတ်ဝင်စားသွားခဲ့သည်။

“ဒီစက်ကြီးက ရေတွေကို အလိုလျှောက် ဆူပွက်အောင်လုပ်ပေးတဲ့ဟာပေါ့…. သူဌေးက စွမ်းလိုက်တာ…  ဒီလိုစက်မျိုးကို ရအောင်လုပ်နိုင်တယ်ဆိုတော့….”

ထိုနောက် လို့ချွမ်ပြောခဲ့သော ခေါက်ဆွဲခြောက်များထားရာ စင်သို့ သွားလိုက်သည်။ ယောင်ကျိယန်ခေါက်ဆွဲခြောက်ထုပ်များကို စိတ်ဝင်တစားကြည့်ပြန်သည်။

“ဈေးနှုန်းကသလင်းကျောက်၁၀ခုလား…. ဈေးကြီးလိုက်တာ …. သူဌေးပြန်လာမှ ပြောဦးမယ်….”

သိပ်မကြာခင် မနက်စာများနှင့်အတူ လို့ချွမ်ပြန်လာခဲ့သည်။ နှစ်ယောက်အတူတူ စားသောက်ကြပြီးနောက် လို့ချွမ်က သူစည်းစိမ်ခံစားရာ ဆိုင်ရှေ့ ကုလားထိုင် မျက်လုံးမှိတ် စည်းစိမ်းရစ်လေ၏။

လို့ချွမ်၏ စည်းစိမ်ခံစားမှုမှာ သိပ်မကြာလိုက်ပဲ လမ်းကြားထဲမှ စကားသံများ ထွက်ပေါ်လာခဲ့သည်။

“ဒီနားမှာပဲမလား…. ဘာဆိုင်မှလည်း မတွေ့ဘူး….”

“ဒီနားမှာပဲ ရှိရမှာပါ…. ဝေ့ချင်းကျူး ပြောလိုက်တာကတော့ ဆိုင်က လမ်းကြားထဲမှာတဲ့…. ဒီအနီးတစ်ဝိုက်ပဲနေမယ်…..”

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now