အပိုင်း (29)

145 16 0
                                    

Fantasy: God-level Store Manager (နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ)
အပိုင်း (၂၉)- ပစ္စည်းအသစ်က ဆိုင်ထဲမှာ

စတိုးဆိုင် ဒုတိယထပ်တွင် တိတ်ဆိတ်ခြင်း လွှမ်းမိုးလျှက်ရှိ၏။

“ဂွီး…..”

တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သော အသံတစ်ခု ယောင်ကျိယန်၏ အစာအိမ်မှပေါ်ထွက်လာသည်။ သူမ၏ ပါးပြင်များလည်း ရှက်သွေးဖြာပြီး နီမြန်းသွား၏။

ကျင့်ကြံခြင်းအဆင့် တတ်ပြီးသည်နှင့် လူသားကျင့်ကြံသူများ သူမ၏နောက်သို့ တောက်လျှောက်လိုက်နေသည်မှာ ရက်အတန်ငယ်ကြာခဲ့လေပြီ။ ထိုတောအတွင်းတွင် သူမ အစာရေစာ အနည်းငယ်သာစားပြီး ပုန်းရှောင်လိုက်၊ ပြေးလိုက်လုပ်နေရသော်လည်း မစားရသည့်ရက်မှာ ပိုများနေ၏။  ကျင့်ကြံသူများသည် စိတ်ဝိညာဉ်စွမ်းအားဖြင့် အသက်ဆက်နိုင်သော်လည်း ရေရှည်တွင် မဖြစ်နိုင်ပေ။ ထို့အပြင် သူမ၏ ဒဏ်ရာများပျောက်ကင်းသွားပြီဖြစ်သော်လည်း စိတ်ဝိညာဉ်စွမ်းအားများမှာမူ အပြည့်အဝ ပြန်လည်း မကောင်းမွန်သေးပေ။

“မင်းဗိုက်ဆာနေတာလား….”

လို့ချွမ်က သူ့ရှေ့တွင် ရှက်သွေးဖြာနေသော ယောင်ကျိယန်အား ကြည့်၍မေးလိုက်သည်။

ယောင်ကျိယန်က ခေါင်းကို အသာညိမ့်ပြသည်။ သူမ ဗိုက်မဆာဘူးဟု ငြင်းလျှင် လိမ်ရာကျပေလိမ့်မည်။

“ခဏစောင့်… မင်းအတွက်စားစရာ ပြင်ပေးမယ်….”

လို့ချွမ်က ပြောပြောဆိုဆိုဖြင့် အောက်ထပ်မီးဖိုချောင်သို့ ဆင်းသွား၏။ ခါတိုင်းနေ့များတွင် လို့ချွမ်က သူ၏ စားရေးသောက်ရေးပြဿနာကို အနီးအနားမှ စားသောက်ဆိုင်များတွင်သာ  ဖြေရှင်းသည်။ အသုံးစရိတ်အတွက်ကတော့ နေ့တိုင်း ဈေးလာဝယ်နေသော ပုလိုင့် တစ်ယောက်လုံးရှိနေပြီးဖြစ်သည်။ ထို့ကြောင့် လို့ချွမ်က သူရရှိမည့် ရှယ်ယာ ၁၀ရာခိုင်နှုန်းထဲက ဆယ်ပုံတစ်ပုံကို ထုတ်ပြီး နေ့စဉ်စားသောက်နေခြင်းဖြစ်သည်။

ခါတိုင်း ဘာမှချက်မစားသည့် လို့ချွမ်က မီးဖိုချောင်ကို ကြည့်ပြီး ဘာချက်ရမည်မသိ ဖြစ်နေ၏။ သည်လိုရက်မျိုးကို ကြိုသိသဖြင့် စနစ်က ဆိုင်မှာ မီးဖိုချောင် အခန်းထည့်ပေးထားသည်ဟုပင် လို့ချွမ်တွေးမိသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now