အပိုင်း(42)

147 21 0
                                    

နတ်ဘုရာအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၂)- လင်ယု သင်တန်းကျောင်းမှ ကျောင်းသားများ

ကျို့ယောင်မြို့ အရှေ့ပိုင်းမှ လမ်းတစ်လမ်းတွင် တန်ဖိုးကြီးသော အဝတ်အစားများကို ဝတ်ဆင်ထားသော မိန်းမလှလေး နှစ်ယောက် ဘေးချင်းကပ်လျှက် လမ်းလျှောက်နေသည်။ သူတို့၏ ပုံပန်းသွင်ပြင်နှင့် အမူအရာများသည် လမ်းတစ်လျှောက်တွင် ထင်းထင်းကြီးဖြစ်နေ၏။ လူပေါင်းများစွာ၏ စိတ်နှလုံးများကို ဆွဲဆောင်နိုင်သော သူတို့နှစ်ယောက်အား နှောင့်ယှက်ချင်ကြသော အမျိုးသားထုကြီးကလည်း သက်သက်ရှိ၏။ သို့သော် သူတို့နှစ်ယောက်၏ အင်္ကျီမှ တိမ်ဖြူတံဆိပ်ကို မြင်သည်နှင့် လက်လျှော့လိုက်ကြ၏။ လင်ယုသင်တန်းကျောင်းအား မည်သူမျှ မထိရဲပေ။

“ယွင်ရှီ…မြို့ထဲကလူတွေက ငါတို့ကိုပဲ လိုက်ကြည့်နေကြတာ… ငါမနေတတ်တော့ဘူး…. ကျို့ယောင်မြို့က လူထူးဆန်းတွေအများကြီးရှိတယ်လို့လည်း ဆရာက ပြောထားသေးတယ်မလား…. ပြီးတော့ မြို့ပေါ်မှာ အကြီးစားတိုက်ခိုက်မှုကြီးတစ်ခုလည်း မကြာခင်ကမှ ဖြစ်ထားတာတဲ့ …ငါတို့  ပြန်ကြရအောင်….”

“ဘာလို့ အဲ့လောက်ကြောက်နေရတာလဲ လောင်ချန်ရာ… ကျို့ယောင်မြို့ထဲမှာ ကြိုက်သလိုလည်လို့ရတယ်လို့ ဆရာက ခွင့်ပြုထားတာကို… ပြီးတော့ ကျောင်းမှာနေရတာ မွန်းကြပ်တယ်ဟ…. မြို့ထဲရောက်တုန်း ပျော်ပျော်နေရအောင်….”

မိန်းကလေးနှစ်ယောက်သည် စကားပြောလျှက်လမ်းဆက်လျှောက် လာကြသည်။

ကူယွင်ရှီသည် လောင်ရှူအင်ပါယာ၏ မင်းသမီးတစ်ပါးဖြစ်၏။ ထို့အပြင် လောင်ရှူအင်ပါယာ၏အင်အားသည် ထျန်ရှင်းအင်ပါယာ၏ အင်အားထက် များစွာသာလွန်၏။

ကျန်းဝမ်ချန်သည်လည်း ကျန်းမိသားစု၏ အငယ်ဆုံး သမီးတစ်ဦးဖြစ်ပြီး အစ်ကို ကိုးယောက်ရှိ၏။ ထို့ကြောင့် မိသားစုတွင် သူမသည် ရတနာတစ်ပါးပင်ဖြစ်၏။ ကျန်းမိသားစုသည် နှစ်ထောင်ပေါင်းများစွာကတည်းက တည်ရှိခဲ့သော မိသားစုဖြစ်ပြီး ထျန်လန်တိုက်ကြီးတွင် ကျော်ကြား၏။

ကူယွင်ရှီနှင့် ကျန်းဝမ်ချန်တို့ သူငယ်ချင်းနှစ်ဦး စကားပြောလိုက် ၊ ရယ်လိုက်နှင့် မြို့အား ပတ်ကြည့်နေကြသည်။ သူတို့ သဘောကျသော ပစ္စည်းတွေ့လျှင်လည်း ချက်ချင်းဝယ်ပြီး သိုလှောင်လက်စွပ်အတွင်းသို့ ထည့်ကြ၏။ ဆိုင်ရှင်များအားလုံးကတော့ ထိုချမ်းသာသော ဈေဝယ်နှစ်ဦးကြောင့် ပျော်ရွှင်နေကြသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now