အပိုင်း(41)

132 17 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၁)- ပုလိုင့်၏ ကြောက်ရွံ့မှု

“အစ်မ… ငါခုနက ကြည့်ရသလောက် ဆိုင်အတွင်းထဲက အကျယ်အဝန်းက အပြင်ကထက် ပိုကျယ်နေတယ်….”
ပုလိုင့်က ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
စတိုးဆိုင်သည် အပြင်ပန်းမှ ကြည့်လျှင် သေးငယ်သည်ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် ကျယ်နေသည်။
“အဲ့လိုပဲ ဖြစ်မယ်ထင်တယ်….သူဌေးဆိုင်မှာ နေရာလွတ်ဝင်္ကပါတစ်ခု သေချာပေါက်ရှိမယ်ထင်တယ်…..”
ပုရှစ်ရီက ခန့်မှန်းလိုက်သည်။

ထိုကဲ့သို့ နေရာလွတ်ဝင်္ကပါများသည် ထျန်းလန်တိုက်ကြီးတွင်ပင်အလွန်ရှားပါး၏။အခြေခံအုပ်မြစ်နက်ရှိုင်းသော ရှေးဟောင်းဂိုဏ်းကြီးများသာ  အမွေအနှစ်အဖြစ် လက်ဆင့်ကမ်း‌‌ပေးနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် လို့ချွမ်လို လူမျိုးလက်ထဲတွင် ထိုကဲ့သို့‌သောအရာမျိုးရှိနေခြင်းသည် အံ့ဩစရာတော့ မဟုတ်ပေ။

“မင်းတို့ရောက်လာကြပြီလား….”
လို့ချွမ်က ပုမောင်နှမ ရောက်စဉ်ကတည်းက သတိထားမိပြီးဖြစ်သော်လည်း ဂိမ်းဦးထုပ်အား ချွတ်ပြီးမှ မေးလိုက်ခြင်းဖြစ်သည်။

“သူဌေး… ဒါက ဆိုင်ရဲ့ ပစ္စည်းအသစ်လား….”
ပုလိုင့်က မေးလိုက်သည်။

“ဟုတ်တယ်… ဒါက လူကိုယ်တိုင်ဝင်ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးပဲ…. တိုက်ခိုက်ရေးမျှော်စင် ဂိမ်းလို့ ခေါ်တယ်….”
မောင်နှမနှစ်ယောက်သား တစ်ဦးမျက်နှာ တစ်ဦး ပြိုင်တူ ကြည့်မိသွားသည်။ ဂိမ်းဆိုသည်မှာ ဘာမှန်း သူတို့ နှစ်ယောက်လုံး မသိပေ။

“ဂိမ်း… ဒီကမ္ဘာမှာ ဒီလိုပစ္စည်းမျိုးလည်း ရှိသေးတာလား…”

ထိုအချိန်တွင် ယောင်ကျိယန်က သူမ၏ ဂိမ်းဦးထုပ်အား ချွတ်ကာ ဂိမ်းထဲမှ ထွက်လာသည်။
“သူဌေး…. ဒီဂိမ်းက တကယ့်အစစ်အတိုင်းပဲ…တော်တော်ကိုကောင်းတယ်….”

“မင်း ဘယ်အဆင့်ထိရောက်ပြီလဲ….”

“အခုထိ ပထမ အဆင့်မှာပဲ ရှိသေးတယ်….”
ယောင်ကျိယန်က ရှက်ရှက်နှင့် ပြန်ဖြေသည်။ ယောင်ကျိယန်သည် လွယ်ကူ၊ခက်ခဲမှုအဆင့် ပထမအဆင့်အား ကျော်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း  သူမက ပုံမှန်ခက်ခဲမှုအဆင့် ကိုပြောင်းကာ ကစားနေခြင်းဖြစ်၏။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now