အပိုင်း(49)

112 18 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၉)- ကျိဝူဟွေ့၏ ဒေါသ

"ကျန်းရှန်ကျွင်း...ကနေ့ သူဌေးဆိုင်ကို ဘာလို့ မသွားတာလဲ..."

ပုလိုင့်က အတူလမ်းလျှောက်လာသော ကျန်းရှန်ကျွင်းကို မေးသည်။

"ငါ့အဖေကြောင့်ပါကွာ...ကျို့ယောင်မြို့မျာ သူစိမ်းတွေများလာလို့တဲ့ အိမ်တော်ထဲမှာပဲ ပိတ်ထားတာ... အခုမှပဲ အပြင်ထွက်ရတယ်..."

ကျန်းရှန်ကျွင်းက မကျေမနပ်ပြောသည်။

သူတို့နှစ်ယောက် ဖန်ရှန်းလို့ စားသောက်ဆိုင်သို့ ဦးတည်သွားနေကြ၏။ ဖန်ရှန်းလို့ ဆိုင်သည် လို့ချွမ်၏ မူလစတိုးဆိုင်နားတွင်ဖြစ်သည်။

သို့သော် အချိန်မှန်ဆိုင်ပိတ်သော လို့ချွမ်ဆိုင်သို့ ဝင်ရန် အခွင့်မသာတော့ပေ။ သူတို့နှစ်ဦး၏ ရင်နှီးမှုသည် လို့ချွမ်ဆိုင်မှ စခဲ့ခြင်းဖြစ်သည်။ ယခင်က ပုလိုင့်အစ်မကို လိုက်ကြောင်သောကြောင့် တစ်ယောက်နှင့် တစ်ယောက်မတည့်ကြပေ။

"ဟား..ဟား...ဒါဆိုမင်း သူဌေးဆိုင်က ပစ္စည်းအသစ်ကို မမြင်ဖူးသေးဘူးပေါ့ ... သနားစရာပဲကွာ...ကျွတ်...ကျွတ်...ကျွတ်..."

ပုလိုင့်က ကျန်းရှန်ကျွင်းကို သနားသည့် လေသံဖြင့် ပြောလိုက်သည်။

"ဘာပစ္စည်းသစ်လဲ... ငါမမြင်းဘူးသေးဘူး..."

ကျန်းရှင်းကျွင်းက သိချင်စိတ်များ တစ်ဖွားဖွားဖြစ်ပေါ်လာသည်။

"အဲ့တာက ဂိမ်းတစ်ခုကွ..."

ပုလိုင့်က ကျန်းရှန်ကျွင်းကို ပြန်ဖြေလျှက် ဖန်ရှန်းစားသောက်ဆိုင်သို့ ဆက်သွားနေသည်။

"မင်းငါ့ကို နောက်နေတာမဟုတ်လား..."
အနောက်မှ ကျန်ခဲ့သော ကျန်းရှန်ကျွင်းက အမှီလိုက်ကာ မေးပြန်သည်။ စိတ်ထဲတွင် ပုလိုင့် နောက်နေသည်ဟုသာ ထင်သည်။

"မင်းကို ငါက ဘာလို့လိမ်ရမှာလဲဟ...သူဌေးဆိုင်က ပစ္စည်းတွေက အဲ့လိုပဲ ထူးထူးဆန်းဆန်းတွေ ချည်းပဲကို ... ဘာတွေများ ထူးခြားနေလို့လဲ..."

ပုလိုင့်က ပုခုံးတွန့်ကာ ပြောလိုက်သည်။ ကျန်းရှန်ကျွင်းက ခေါင်းအသာညိတ် လိုက်မိ၏။ ထိုစကားကို သူလည်း ထောက်ခံသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now