အပိုင်း(33)

145 21 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၃၃)

ဆိုင်ထဲမှ လူများ ယောင်ကျိယန်အား ဝိုင်းကြည့်နေကြသည်။
ပုရှစ်ရီနှင့် ပုလိုင့်သည် ဆိုင်ထဲသို့ ဝင်လာတုန်းက ယောင်ကျိယန်၏ ထူးခြားသော သွင်ပြင်ကို သတိထားမိသော်လည်း အမှတ်မဲ့သာနေခဲ့သည်။ သို့သော် ကျန်းရှန်ကျွင်း၏ စကားကို ကြားပြီးနောက် ယောက်ကျိယန်အား သေချာပြန်ကြည့်လိုက်မိသည်။  သူတို့နှစ်ယောက်လုံး တော်ဝင်မိစ္ဆာမျိုးနွယ်စုအကြောင်း သိပ်မသိသော်လည်း ယောင်ကျိယန်က အသွင်ပြောင်းထားသူတစ်ယောက်ဖြစ်သည်ကို  ချက်ချင်း ရိပ်မိလိုက်သည်။  သို့သော် လို့ချွမ်၏ ကျင့်ကြံမှုအဆင့်အကြောင်းနှင့် ချိန်ထိုးနှိုင်းယှဉ်ကြည့်လျှင် လက်ခံနိုင်သော အရာပင်ဖြစ်၏။

ဤဆိုင်၏ ထူးဆန်းသော အရာများသည် ပုမောင်နှမအတွက်မူ မထူးဆန်းတော့ပေ။

“တော်ဝင်မိစ္ဆာမိသားစုကလေ….ဒါကမထူးဆန်းဘူးလား….ပုံမှန်မဟုတ်ဘူးမလား…
ကျို့ယောင်မြို့မှာ ဒါမျိုးပေါ်လာတာ မင်းတို့မအံ့ဩကြဘူးလား….”

ကျန်းရှန်ကျွင်းက ပုမောင်နှမ၏ မပြောင်းလဲသော အမူအရာကိုကြည့်ပြီး အားမလိုအားမရ ဖြစ်နေ၏။မိမိဖတ်ခဲ့သော စာအုပ်များကပင် မှားယွင်းနေလားဟု သံသယရှိနေ၏။

ကျို့ယောင်တောင်တန်းပေါ်တွင် ကျင့်ကြံသူများနှင့် သားရဲမိစ္ဆာများ မကြာခဏ ဆုံတွေ့ကြပြီး တွေ့ဆုံသည်နှင့် တစ်ဖက်နှင့် တစ်ဖက်အသေအကြေတိုက်ခိုက်ကြ၏။ ရှုံးနိမ့်သောဘက်မှ ပြေးရ၍ တစ်ခါတစ်ရံ အသက်ဆုံးရှုံးမှုများပင်ရှိသည်။ အသွင်ပြောင်းထားသော မိစ္ဆာဖြစ်နေလျှင် ကျင့်ကြံသူများအတွက် ပို၍အန္တရာယ်ရှိပေသည်။

ကျို့ယောင်မြို့ရှိ ကျင့်ကြံသူအများစုမှာလည်း မိစ္ဆာသားရဲများကို အမဲလိုက်ခြင်းဖြင့် အသက်မွေးကြသဖြင့် ကျင့်ကြံသူများနှင့် မိစ္ဆာသားရဲများကြားတွင် မရေမတွက်နိုင်‌သော ရန်ကြွေးများ ရှိ၏။

“နင်က စတိုးဆိုင်ဝန်ထမ်းလား….”
ပုရှစ်ရီက အသံတိုတိုးဖြင့် မေးလိုက်သည်။။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now