အပိုင်း (39)

144 22 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၃၉)- ဆိုင်ရှင်ထက် သာလွန်ခြင်း

ယောင်ကျိယန်က ဖန်သားပြင်ပေါ်တွင် ဝံပုလွေကိုက်ခံရပြီး သေသွားသော လို့ချွမ်အား စိတ်ပူသွားသော်လည်း ပြန်လည်ရှင်သန်လာသည်ကို မြင်ပြီး စိတ်သက်သာရာရသွားသည်။

"ဒီဂိမ်းဆိုတဲ့ဟာက မိစ္ဆာသားရဲတွေနဲ့တိုက်တဲ့ အတွေ့အကြုံကို ပေးနိင်တာလား....."
ယောင်ကျိယန် ခန့်မှန်းလိုက်သည်။

တိုက်ခိုက်ရေးမျှော်စင်ထဲမှ လို့ချွမ်ကလည်း ဂိမ်းကစားခြင်းအား ရပ်နားရန်ဆုံးဖြတ်လိုက်သည်။ ထို့နောက် ရပ်ရန် အချက်ပြလိုက်၏။လို့ချွမ် အသိစိတ်များက ဂိမ်းထဲမှ မူလခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရောက်ရှိသွားသည်။

ထို့နောက်လို့ချွမ်က ဂိမ်းဦးထုပ်အားချွတ်လိုက်ပြီး သက်ပြင်းမှုတ်ထုတ်လိုက်သည်။ သူ၏ခေါင်းထဲတွင် မူးဝေနေ၏။ မကြာခင်ကမ မြက်ခင်းပြင်ထဲတွင် ရှိနေခဲ့ရာမှ ရုတ်တရက် စတိုးဆိုင်ထဲသို့ရောက်လာပြီး ထိုင်နေသည့် အဖြစ်ကို မယုံနိုင်ဖြစ်နေ၏။

"သူဌေး.... ခုနက ဒီမှန်မှာ ပေါ်လာတဲ့ မြင်ကွင်းတွေက သူဌေးဦးထုပ်ဆောင်းလိုက်လို့ ပေါ်လာတာလား...."

ယောင်ကျိယန်က မှန်နှင့် ခေါင်းစွပ်အားလက်ညိုးထိုးကာပြောလိုက်သည်။

"ဟုတ်တယ်....ဒါက ကိုယ်တိုင်ဝင်ကစားနိုင်တဲ့ဂိမ်းစက်ဆိုတာပဲ....ပြီးတော့ဒါက အယ်စီဒီ(LCD) မျက်နှာပြင်လို့ခေါ်တယ်....ကစားနေတာတွေကို ဒီမျက်နှာပြင်မှာ ကြည့်လို့ရတယ်....."
လို့ချွမ်က ယောင်ကျိယန်အားရှင်းပြ၏။

"ဒါဆို ဆိုင်မှာ အသစ်တင်မယ့်ပစ္စည်းက ဒါပေါ့...."
ယောင်ကျိယန် မေးလိုက်သည်။

"အဲ့လိုပြောလို့ ရတယ်....မင်းဂိမ်းဦးထုပ်ကို ဆောင်းလိုက်တာနဲ့ တိုက်ခိုက်ရေးမျှော်စင်ဆိုတဲ့ ဂိမ်းထဲကိုရောက်သွားလိမ့်မယ်.....အဲ့မှာ မင်းတိုက်ခိုက်နိုင်တယ်.....ပြီးတော့ ရလာတဲ့ အတွေ့အကြုံတွေက မူလခန္ဓာကိုယ်ထဲကို ပေါင်းပေးလိမ့်မယ်....."
လို့ချွမ်က ယောင်ကျိယန်အား သေချာရှင်းပြသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now