အပိုင်း (28)

148 21 0
                                    

Fantasy: God-level Store Manager (နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ)
အပိုင်း (၂၈)- မိန်းကလေးအား ကယ်တင်ခြင်း

လို့ချွမ်က ဆိုင်ပေါက်ဝတွင်ထိုင်ကာ သည်းကြီးမည်းကြီးရွာနေသော မိုးပေါက်များကိုကြည့်ပြီး ဆွေးနေစဉ်မှာပဲ အလွန်တောက်ပသော ခရမ်းရောင်စွမ်းအင်လှိုင်းများဖြာထွက်သွားသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်ပေါ်မှာ ဖြစ်ပျက်နေခဲ့သည်များကိုတော့ သတိမထားခဲ့မိပေ။

“ဟမ်… အဲ့ဒါက ဘာလေးလဲဟ…”

ကောင်းကင်ပေါ်မှ မည်းမည်းသဏ္ဍာန်ပုံရိပ်တစ်ခု  ပြုတ်ကျလာနေသည်ကို ရှင်းရှင်းလင်းလင်းမြင်နေရ၏။ အောက်သို့ ရောက်လာလေ ပို၍ရှင်းလင်းပြတ်သားစွာ မြင်လာရလေပင်။

“အမျိုးသမီး တစ်ယောက်နဲ့တူတယ်…”

ခရမ်းရောင်ဆံပင်များရှိသော ထိုအမျိုးသမီးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဒဏ်ရာဗလပွဖြင့် မေ့မြောကာ မြေပြင်သို့ ကျဆင်းလာနေ၏။

“ဘာလို့ ဒီအမျိုးသမီးက အပေါ်ကကျလာတာလဲ…. ခုနက ခရမ်းရောင်စွမ်းအင်တွေနဲ့များ ပတ်သတ်နေတာလာ….”

စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ မေးနေမိသည်။

လို့ချွမ်က မတ်တပ်ထရပ်လိုက်ပြီး လေထဲမှ အမျိုးသမီးအား ကယ်တင်ရန် စတင်လိုက်သည်။ ထို့နောက် ဆိုင်ရှေ့မှ ရုတ်တရက်ပျောက်သွားကာ အမျိုးသမီးကျလာနေသော လေထုထဲတွင် ပြန်ပေါ်လာ၏။  မိုးများသည်းထန်စွာရွာနေသော်လည်း လို့ချွမ်အား စိုစွတ်အောင် မလုပ်နိုင်ကြပေ။ ထိုအချိန်မှာပဲ  မျက်စိရှေ့က မြေပြင်ပေါ်သို့ ကျဆင်းနေသော အမျိုးသမီးရှိရာသို့ ရောက်သွားပြီး ပွေ့ဖက်လိုက်၏။ 

“ဂျွတ်…..”

လို့ချွမ်၏လက်မောင်းမှ အသံတိုးတိုးတစ်ခု ထွက်လာ၏။ လို့ချွမ်က အမျိုးသမီးကို ဖမ်းမိလိုက်သော်လည်း ကျနေသောအရှိန်ကို သေချာမတွက်မိလိုက်၍ လက်မောင်းအဆစ်လွဲလုနီးပါးဖြစ်သွားသည်။ ဒဏ်ရာမရရှိသော်လည်း နာကျင်မှုဒဏ်ကိုတော့ ကြိတ်မှိတ်သည်းခံလိုက်ရ၏။ စနစ်၏ ပြိုင်ဘက်ကင်းမြှင့်တင်ပေးမှုသည် နေရာတိုင်းတွင် အစွမ်းထက်မနေနိုင်ပေ။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now