အခန်း*5*

205 29 2
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း (၅)- ဆိုင်စည်းကမ်းချက်များ

“သူဌေးရေ၊ နောက်ထပ် ဆယ်ဘူးလောက်လိုချင်တယ်ဗျာ”
လက်ကျန်ကိုလာများကို ဆက်သောက်လျှက် ပုလိုင့်က လို့ချွမ်ကို အော်ပြောလိုက်သည်။ သလင်းကျောက်(ခရစ်စတယ်) ဆယ်ခုနဲ့ ဒီလိုမျိုးအာနိသင်ရတာ နောက်ဆိုဈေးကြီးချင် ကြီးလာမှာ တန်တုန်းလေး ဝယ်ထားမည်ဟူသော အတွေးဖြင့်ဖြစ်သည်။

“စိတ်မကောင်းပါဘူးကွာ၊ လူတစ်ယောက်ကို တစ်ရက် ပစ္စည်းတစ်မျိုးပဲဝယ်ခွင့်ရှိတယ်။”
လို့ချွမ်ခေါင်းကို ခါရမ်းလျှက် ပြန်ပြောလိုက်ရသည်။ ဒါကတော့လို့ချွမ်ကို စနစ်က မကြာခင်ကမှ အသိပေးလိုက်သော စည်းကမ်းချက်ဖြစ်လေသည်။

“ဘာလို့လဲ” ပုလိုင့် ခေါင်းရှုပ်စွာမေးလိုက်သည်။
“ဆိုင်စည်းကမ်းအရမို့ပါ” လို့ချွမ် ပေါ့ပေါ့ပါးပါးပဲပြန်ဖြေလိုက်သည်။
“ကောင်းပါပြီဗျာ”

ဆက်ပြီးအရစ်ရှည်၍ မရနိုင်တော့သောကြောင့် ပုလိုင့်တစ်ယောက် ကိုလာအတန်းကိုပဲ လိုချင်တပ်မက်စွာ ကြည့်ရင်း ဆိုင်ထဲမှ လေးကန်စွာ ပြန်ထွက်သွားတော့သည်။

ပုလိုင့်တစ်ယောက် ဆိုင်ထဲမှထွက်သွားသည်ကို မြင်မှ လို့ချွမ် သက်ပြင်းချနိုင်လေသည်။ (ဓားပြတိုက်သွားရင်သေမှာလေ)။ စတင်ခြင်းမစ်ရှင်လည်း အောင်မြင်စွာ ပြည့်မြောက်သွားခဲ့လေပြီဖြစ်သည်။

“စတင်ခြင်းမစ်ရှင်အောင်မြင်သွားတဲ့အတွက် ဆိုင်ရှင်ကိုဂုဏ်ပြုပါသည်။ ရှယ်ယာများကိုလည်း ခွဲဝေပေးပြီးပါပြီ။ ကံစမ်းမဲနှိုက်ရန် စတင်တော့မလား.။” စနစ်မှ အသံဖြင့် သတိပေးလေသည်။

လို့ချွမ်ခေါင်းငြိမ့်လိုက်သည်နှင့် ထီစက်ရှိရာ အနက်ရောင်အာကာသထဲ ပြန်ရောက်သွားလေ တော့သည်။(ထီစက်ဆိုသည်မှာ ဒလက်အကွက်များဖြင့် လှည့်ရသည့်စက်ကိုဆိုလို)

စက်အကွက်များထဲတွင် နတ်သားရဲများ၊ ကြယ်ဆယ်ပွင့်အဆင့် လက်နက်များ၊ နတ်ဘုရားအဆင့် သိုင်းပညာများ၊…. အစရှိသဖြင့် ပါဝင်နေကြသည်။ ထို့နောက် ထီစက်ကို လှည့်လိုက်လေသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now