အခန်း(8)

180 26 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၈)- ဆိုင်ရှင်၏ကြိုးပမ်းမှု

ပုလိုင့်၏ အမူအရာကို ကြည့်ပြီး ပုရှစ်ရီ တစ်ယောက် ရယ်ချင်သွားသည်။ ထို့နောက်
“စိတ်မညစ်ပါနဲ့၊ ဘာတွေဖြစ်ခဲ့လဲတာဆိုတာသေချာရှင်းပြလေ” ပုရှစ်ရီ ပြောလိုက်လေသည်။

ပုလိုင့်သည် စတိုးဆိုင်မှ ကိုလာဝယ်သောက်ခဲ့ပုံနှင့် ဒဏ်ရာများပျောက်ကင်း၍ ကျင့်ကြံခြင်းအဆင့်တတ်ခြင်း အကြောင်းများကို လုံးစေ့ပတ်စေ့ သေချာစွာရှင်းပြလေသည်။

“နင်ပြောချင်တာက ၊ ဒဏ်ရာတွေအားလုံးပျောက်ပြီး ကံကြမ္မာကောင်းခြင်းအဆင့်ကို ရောက်လာတာတွေ အကုန်လုံးက ကိုလာတစ်ဗူးကြောင့်ပေါ့”
ပုရှစ်ရီသည် သူမ၏ လှပလွန်းသော ဇင်ယော်တောင်မျက်ခုံးလေးကို ပင့်ရင်းမေးလိုက်လေသည်။(ဆော်လေးကို ကြွေနေပြီ)

ပုလိုင့်ကတော့ ပြောင်းလဲလာတဲ့အမူအရာတွေကို သတိမထားလိုက်မိပဲ ခေါင်းငြိမ့်ရင်းပြန်ဖြေလိုက်သည်။
“ဟုတ်တယ်၊ သလင်းကျောက် ဆယ်ခု ၊ သလင်းကျောက်ဆယ်ခုတည်းနဲ့ ရောင်းနေတာ၊ ဆိုင်ရှင်ကတော့ အရှုံခံပြီးရောင်းနေတာထင်တယ်။”

“အိုး… ၊ ဒါဆို ဘာလို့ပိုဝယ်မလာတာလဲ”
“တစ်ယောက်ကို တစ်ရက် ပစ္စည်းတစ်မျိုးပဲ ရောင်းတယ်ဆိုတဲ့ စည်းကမ်းသာရှိမနေဘူးဆိုရင် ၊ ဆိုင်တစ်ခုလုံးက ပစ္စည်တွေအကုန်ဝယ်ပြီးနေပြီ” ပုလိုင့် ပေါ့ပေါ့ပါးပါးပဲ ပြန်လိုက်သည်။

“အော်.. ဒီလိုကိုး..၊”
စကားပြောရင်းပဲ ပုရှစ်ရီသည် သူမ၏ သွယ်လျသောလက်ချောင်းလေးများဖြင့် ပုလိုင့်၏ နားရွက်အားဆွဲလိမ်လိုက်သည်။
“ကိုယ့်အမ ကိုယ်လိမ်တာတော့ နည်းနည်းမလွန်ဘူးလား၊
အခု သလင်းကျောက်ဆယ်ခုနဲ့ဝယ်ရတဲ့ ကိုလာဗူးက နန်ဟော်အိမ်တော်မှာရှိတဲ့ ဆေးတွေထက်ကို ပိုပြီးအစွမ်းထက်သေးလား၊”

နားရွက်မှနာကျင်မှုကို မချိမဆန့်ခံစားရင်း ပုလိုင့် ကမန်းကတန်းပြန်ပြောရလေသည်။
“အမ၊ အမ ၊ ငါကဘာလို့ လိမ်ရမှာလဲဟ၊ အခုပြောနေတာတွေအကုန်လုံးက အမှန်တွေကြည့်ပဲ။’

ပုရှစ်ရီ၏လက်တွင် တဖြည်းဖြည်း အားပိုပါလာသောကြောင့် ပုလိုင့်မှာ မျက်ရည်ကျတော့မလိုပင် ဖြစ်လာခဲ့လေသည်။
“ငါ့ကို လိမ်မနေနဲ့”
“တကယ်ပါ၊ ကောင်းကင်နဲ့ မြေကြီးကို တိုင်တည်ပြီးကျိန်ရဲပါတယ် မလိမ်ပါဘူး။ “
“ဒီကိစ္စမှာ ကိုယ်တိုင်မြင်ရမှ နင့်ကို ယုံနိုင်မယ်”
ပုလိုင့် ၏ နားမျာကို လွှတ်လိုက်ပြီး ပြောလိုက်သည်။ (လက်လေးတွေများ နာသွားသေးလား)
ပုလိုင့်တစ်ယောက် စိတ်ဓာတ်ကျစွာဖြင့် နားရွက်ကိုသာ ပွတ်နေတော့သည်။

နောက်တစ်ရက်၊ မိုးလင်းချိန်၊

လို့ချွမ်တစ်ယောက်ဆိုင်ကို စောစီးစွာဖွင့်ထားပြီး တံခါးနားက ကုလားထိုင်မှာထိုင်ရင်း နေရောင်ခြည်၏ အနွေးဓာတ်ကို ခံစားနေလေသည်။ စကားမစပ် စိတ်ထဲမှာကတော့ စနစ်နဲ့ သူတစ်ပြန် ကိုယ်တစ်ပြန်ပဲ စကားပြောနေလေသည် ။ (ရန်ဖြစ်နေတာရယ်)

“ငါပြောတာက စနစ်ရာ၊ မစ်ရှင်က အဓိပ္ပာယ်မရှိဘူးမလား၊ ကိုလာဗူးတစ်ရာ၊ အစပ်ချောင်းအထုပ် တစ်ရာကို တစ်လအတွင်းရောင်းဖို့ဆိုတာဖြစ်မှမဖြစ်နိုင်တာ။ ဆိုင်ကို လာတဲ့လူနှုန်းနဲ့ ဒီမစ်ရှင် အောင်မြင်မယ်လို့ ထင်လို့လား”
“ကျေးဇူးပြုပြီး၊ အလုပ်ကြိုးစားပါဆိုင်ရှင်၊”

“စနစ်က ငါ့ကို အချိန်တိုးမပေးနိုင်ဘူးလား၊ ဒါမမဟုတ် ဆိုင်ကို ကြော်ညာလိုက်ရင်ရော။”
“ကျေးဇူးပြုပြီး၊ အလုပ်ကြိုးစားပါဆိုင်ရှင်၊ စနစ်မှ မည်သည်ကိုမျှ နောက်ထပ်ပြောတော့မည် မဟုတ်ပါ။”
စနစ်မှ မည်သည့်အသံမျှ ပေါ်ထွက်မလာတော့ပါ။

“သူဌေးရေ၊ နောက်တစ်ခေါက်လာတယ်ဗျို့”
ပုလိုင့် အသံကို ကြားသောအခါမှသာ လို့ချွမ် စနစ်ဖြင့်ငြင်းနေသည်ကို ရပ်လိုက်ပြီး မျက်လုံးဖွင့်ကြည့်လေသည်။
လို့ချွမ်၏ မြင်ကွင်းအတွင်းသို့ ပုလိုင့် ပုံရိပ်ဝင်လာခဲ့ပြီး သူ၏ ဘေးတွင်ရှိသော အမျိုးသမီးမှာ ပိတုန်းရောင်ဆံနွယ် ၊ ဖြူစင်သောသွားမျာဖြင့် နတ်သက်ကြွေလာသော နတ်သမီးလေးတစ်ပါး ဖြင့်ပင်တူနေတော့သည်။

ပုရှစ်ရီ တစ်ယောက်မျက်မှောင်ကြုံ့သွာပြီး လို့ချွမ့်အနောက်မှ ဆိုင်အားတစ်ချက်လှမ်းကြည့်လိုက်လေသည်။
ချောင်ကျတဲ့ လမ်းကြားမှာဆိုင်ကို ဖွင့်ထားတယ်၊ ဆိုင်နာမည်က မူလစတိုးဆိုင် ၊ ဘယ်လိုပဲကြည့်ကြည့်ဆိုင်ရှင်က ယုံကြည်ချင်စရာ တစ်စက်မျှမရှိဘူးဖြစ်နေသည်။ ပုလိုင့်ပြောတာတွေက အမှန်တွေမှ ဟုတ်ရဲ့လားလို့တောင် ထင်လာခဲ့သည်။

“ရှင်က ဆိုင်ရှင်လား”
ပုရှစ်ရီသည် အေးစက်စက်အသံဖြင့် မေးလိုက်လေသည်။
“ဟုတ်တယ်။”
လို့ချွမ် တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။

--------------
may😇

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now