အပိုင်း(22)

165 23 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ (Fantasy: God-level Store Manager)
အပိုင်း(၂၂)- ငွေလ‌ရောင်အိမ်တော်၏ ဆုံးဖြတ်ချက်

ချူးယန်ဖျင်းက ငွေ‌ရောင်လမင်း၏ ဖိအားအောက်တွင်ရောက်ရှိနေပြီဖြစ်သောကြောင့် လွတ်လမ်းမရှိတော့ပေ။ ငွေရောင်လမင်းသည် အလွန်လျှင်မြန်ပြီး မျက်စီတစ်မှိတ်အတွင်းမှာပင် မီတာတစ်ရာခန့်ရှိသော အမြှီးတန်းမီးလျှံများဖြင့် ချူးယန်ဖျင်း၏ ခေါင်းပေါ်သို့ ကျရောက်လာခဲ့သည်။ ကြောက်မက်ဖွယ်ရာ ပြင်းထန်မှုဖြင့် ကျဆင်းလာနေသောကြောင့် ကျို့ယောင်မြို့၏ ကာကွယ်ရေးဝင်္ကပါသည်လည်း သာမာန်မျက်စီဖြင့် မြင်နိုင်လောက်သော အပေါက်ကြီး ပေါ်နေပေပြီ။
ငွေလ‌ရောင်အိမ်‌‌တော်၏ စံအိမ်သခင်တစ်ယောက်ဖြစ်သော ချူးယန်ဖျင်းသည် ထိပ်တန်းအဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်သည်နှင့်အညီ ငွေရောင်လမင်း၏ ဖိအားအောက်မှ မလွတ်မြောက်နိုင်သော်လည်း ငြိမ်ခံနေမည့်သူ တစ်ယောက်မဟုတ်ပေ။ ချူးယန်ဖျင်း၏ မီတာတစ်ထောင်ခန့်မြင့်သော စိတ်ဝိညာဉ်ပုံရိပ်က နောက်ဆုံးတွင် လှုပ်ရှားမှု လုပ်လိုက်သည်။
ကြီးမားသော လက်ကြီးများကို မြှောက်လိုက်ပြီး ကျဆင်းလာသော ငွေရောင်လမင်းကို မထားရန် ပြင်ဆင်လိုက်သည်။ ငွေရောင်လမင်း၏ အရွယ်အစားမှာ အလွန်ကြီးမားသောကြောင့် စိတ်ဝိညာဉ်ပုံရိပ်၏ လုပ်ရပ်သည် သစ်ပင်တစ်ပင်ကို လှုပ်ခါလိုသော သန်ကောင်နှင့်ပင် တူနေတော့သည်။
“ဘုန်း………”
ကျို့ယောင်မြို့မှ လူပေါင်းများစွာ ခဏတာနားပင်းသွားလောက်အောင်ပင် ကျယ်လောင်သော တုန်လှုပ်ဖွယ်ရာ အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပြိုးပြိုးပြက်ပြက်ရှိသော ငွေရောင်အလင်းတန်းတစ်ခု ငွေလမှထွက်လာပြီး ဖျက်စီးအားပြင်းသော အလင်းလှိုင်းများ အဖြစ်ပြောင်းကာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားလေသည်။
စိတ်ဝိညာဉ်ပုံရိပ်၏ လက်များချက်ချင်းပဲပေါက်ကွဲထွက်သွားသည်။ ပုံရိပ်၏လက်များတည်ရှိရာ နေရာသည်လည်း ပြင်းထန်သောဖိအားအောက်တွင်ပင် အလုံးစုံပျက်သုန်းခြင်းသို့ ရောက်လေသည်။
ဒါက အဆုံးသတ်ရန်အတွက် စတင်ခြင်းတစ်ခုပင်ဖြစ်သည်။
ငွေလသည် ရပ်တန့်မနေပဲ ဆက်လက်ကျဆင်းလာနေသည်။ ချူးယန်ဖျင်း၏ စိတ်ဝိညာဉ်ပုံရိပ်သည် အနည်းငယ်မျှပင် ခုခံနိုင်မှုမရှိပဲ ဆက်လက် ပြိုကွဲလျှက်ရှိသည်။ ကျို့ယောင်မြို့နေပြည်သူများက ဝိညာဉ်ပုံရိပ်ပျက်စီးလာနေသည်ကို အာရုံမစိုက်နိုင်ခဲ့ပါ။ သူတို့ရဲ့ အာရုံစူးစိုက်မှုအားလုံးသည် ကျဆင်းလာနေသော ငွေလအပေါ်တွင်သာ ရှိနေကြသည်။
“အဝေးကို ပြေးကြ…”
ရုတ်တရက် အသံတိုးတိုးတစ်ခု ထွက်ပေါ်လာသည်။
အသံက အကျယ်ကြီးမဟုတ်သော်လည်း ကျို့ယောင်မြို့တစ်မြို့လုံးတွင် ပဲ့တင်ထပ်နေသည်။ စကားလုံးများတွင် စွမ်းအားအပြည့်ပါဝင်နေပုံရပြီး ဝိညာဉ်ပုံရိပ်လည်း အေးခဲသွားပီးတဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now