အပိုင်း(55)

169 22 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင် မန်နေဂျာ
အပိုင်း(၅၅)- ပိုင်လောင်နှင့် လူငယ်တစ်စု

ပုရှစ်ရီ ကရယ်နေသည်။ မိမိအားလှသည်ဟု ချီးမွမ်းခံရခြင်းအား သူမသ‌ဘောကျ၏။

ထို့နောက် သူမက ပုလိုင့်နှင့် ကျန်းရှန်ကျွင်းတိုကိုလည်း လှုပ်နှိုးလိုက်သည်။ ဂိမ်းထဲတွင် ကောင်းခန်းကို ရောက်နေသော သူတို့နှစ်ယောက်က ပုရှစ်ရီကို စိတ်ဆိုးသည်။ သို့သော် ပိုင်လောင်ကို မြင်ပြီးနောက် ထိုဒေါသများအား ပိတ်လှောင်ထားလိုက်ရသည်။

"တွေ့ရတာ ဝမ်းသာပါတယ်...သခင်ပိုင်"
ပုလိုင့်နှင့် ကျန်းရှန်ကျွင်းတို့က ရိုရိုသေသေ နှုတ်ဆက်ကြသည်။

သခင်ပိုင်က အသိအမှတ်ပြုသည့် အနေဖြင့် ခေါင်းညိတ်ပြ၏။

သခင်ပိုင်က သူဌေးဆိုင်သို့ မည်သည့်အတွက်ရောက်လာသည်ကို သူတို့သိချင်ကြသည်။ ပိုင်လောင်က သည်ဆိုင်ကို ရောက်ဖူးသည်ကိုတော့ ပုလိုင့်သိသည်။ ဧကရာဇ်က သူ့ဆီကို ကိုလာ ပို့ပေးခဲ့သည်မဟုတ်လော။

ထို့နောက် ကူယွင်ရှီနှင့် ကျန်းဝမ်ချန်တို့ကလည်း သူမတို့၏ နာမည်များကို မိတ်ဆက်ကြ၏။ စတိုးဆိုင်သို့ လာကြသော ဈေးဝယ်များ တစ်ဦးနှင့်တစ်ဦး ရင်းနှီးသွားကြသည်။

ခနအကြာတွင် ယောင်ကျိယန်က ဂိမ်းကစားနေရာမှ ထွက်လာခဲ့သည်။ သူမက ပိုင်လောင်ကိုမြင်တော့ မနေ့ညက အဖြစ်အပျက်ကြောင့် လာမှန်းသိလိုက်သည်။

ယောင်ကျိယန်၏ အကြည့်အောက်တွင်
ပိုင်လောင်၏ တစ်ကိုယ်လုံးမှ အကြောများ တောင့်တင်းသွားသည်။  ကြွက်သားများက မလှုပ်ရှားရဲ ဖြစ်နေသည်။ မိမိထက် စွမ်းအားမြင့်မားသော သူနှင့် ရင်ဆိုင်တွေ့လျှင် ထိုကဲ့သို့ ဖြစ်တတ်သည်။ ထို့ကြောင့် ပိုင်လောင်အံ့ဩရ၏။

လို့ချွမ်၏ ဘေးမှ မိန်းမလှလေးက ဤမျှ စွမ်းအားကြီးမည်ကို ပိုင်လောင်မထင်ထားခဲ့။

"ကျွန်မက ဒီမူလစတိုးဆိုင်က ဝန်ထမ်းပါ...."
ယောင်ကျိယန်က မိတ်ဆက်လိုက်သည်။ သူမမျက်နှာမှ အပြုံးကလည်း ချိုသာလှ၏။

"တွေ့ရတာ ဝမ်းသာပါတယ်...စီနီယာ....ကျွန်တော့်ကို ပိုင်လောင်လို့ပဲ ခေါ်ပါ..."
သခင်ပိုင်က လေးလေးစားစားပြန်ပြောသည်။

You've reached the end of published parts.

⏰ Last updated: Mar 27 ⏰

Add this story to your Library to get notified about new parts!

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now