အပိုင်း(43)

117 18 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၄၃)- ဂိမ်းကစားခြင်း

ကူယွင်ရှီနှင့် ကျန်းဝမ်ချန်တို့နှစ်ယောက် ဂိမ်းထဲသို့ရောက်ပြီး မကြာခင်မှာပဲ နှစ်ယောက်လုံးထံမှ အော်သံများထွက်လာသည်။  သူငယ်ချင်း နှစ်ယောက်လုံး ဝံပုလွေများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်မှာ သေချာ၏။ ထို့နောက် မြတ်ခင်းပြင်ပေါ်တွင် အသက်ပြန်ရှင်လာခဲ့သည်။ သူမတို့၏ မျက်ဝန်းများတွင်လည်း စိုးထိတ်မှုများအပြည့်ဖြင့် ကြောက်ရွံ့နေကြ၏။ သို့သော် နောက်ထပ်တစ်ဖန် တိုက်ခိုက်ရန်လည်း  အသင့်ပြင်ထားကြ၏။

“အခုထိ ဝံပုလွေတစ်ကောင်ကို မသတ်နိုင်သေးတာ …. ယုံတောင် မယုံနိုင်ဘူး….”

“ကနေ့ ငါ ပထမအဆင့်ကို ကျော်ဖြတ်နိုင်ရမယ်…..”

ကျန်းဝမ်ချန် တစ်ယောက်တည်း ခံပြင်းစိတ်များဖြင့် မကျေမနပ် ဖြစ်နေသည်။

သို့သော် နောက်တစ်ခေါက် တိုက်ခိုက်ချိန်တွင်လည်း ခံရသူမှာ သူမသာဖြစ်၏။ သူမက ဝံပုလွေ၏ သတ်ဖြတ်မှုကို အကြိမ်ကြိမ်ခံနေရသည်။ ဘေးမှကြည့်၍ လွယ်မည်ထင်ခဲ့သော သူ့မ သင်ခန်းစာရသွားခဲ့လေပြီ။

အကြိမ်ရေများစွာ သတ်ဖြတ်ခံရပြီးနောက် ကျန်းဝမ်ချန် ဆက်လက် သည်းမခံနိုင်တော့ပေ။  ထို့ကြောင့် ဂိမ်းဦးထုပ်ကို ချွတ်ပြီး ဂိမ်းထဲမှ ထွက်လိုက်သည်။

“ဆက်ပြီးသည်းမခံနိုင်တော့ဘူး…. အကြိမ်ငါးဆယ်…. ငါ့ကို ဒီဝံပုလွေစုတ်တွေက အကြိမ်ငါးဆယ်တောင် သတ်သွားတာ… ငါကကျ တစ်ကြိမ်တောင် မသတ်နိုင်ဘူး…”

ထိုစကားကို ကြားပြီး ယောင်ကျိယန် ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရ၏။ လို့ချွမ်၏ ပြောစကားအရ ဆိုင်ထဲတွင် ဈေးဝယ်၏ အမူအရာက မည်သို့ပင်ဖြစ်နေပါစေ မရယ်မိအောင် ထိန်းထားရန်ဖြစ်သည်။ ဤသည်မှာ ဆိုင်ဝန်ထမ်းကောင်း တစ်ယောက်၏ အရည်အချင်းတစ်ခုဖြစ်၏။

ထိုအချိန်တွင် ကျန်းဝမ်ချန်က ကူယွင်ရှီ၏ ဂိမ်းကစားနေမှုအား အမှတ်မထင် ကြည့်လိုက်မိသည်။

“ဘာလို့ သူက စိတ်ဝိညာဉ်စွမ်းအားတွေကို သုံးနိုင်နေရတာလဲ….ပြီးတော့ လက်ထဲမှာလည်း လက်နက်နဲ့…”

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now