အပိုင်း (26)

157 23 0
                                    

နတ်ဘုရားအဆင့် စတိုးဆိုင်မန်နေဂျာ
အပိုင်း(၂၆)- အထူးကံစမ်းမဲ

သလင်းကျောက် တစ်ဆယ်ခုတန် ကိုလာတစ်ဗူးနှင့် ကျန်းနန်ဟော်၏ ကျေးဇူးတင်မှုကို ရရန်ကြံစည်ခြင်းမှာ အင်ပါယာဧကရာဇ်၏ ပြောင်မြောက်လှသော တွေးခေါ်မှုပင်ဖြစ်၏။ သို့သော် အင်ပါယာမသိလိုက်သည်ကား လို့ချွမ်ဆိုင်၏ ပထမဆုံး ဖောက်သည်မှာ ပုလိုင်ဖြစ်နေခြင်းပင်။

သခင်ပိုင်က ခေါင်းငြိမ့်သဘောတူလိုက်သည်။ သို့သော် မိမိအားကြည့်ပြီး ပြောရန်စကားများ တုန့်ဆိုင်းနေသည်ကို သတိထားလိုက်မိသော ကျိဝူဟွေ့က ပြုံး၍မေးလိုက်သည်။

“လူအိုကြီးပိုင်…. တခြားဘာရှိသေးလို့လဲ…”

ပိုင်လောင်က အင်ပါယာကို ကြည့်လိုက်ပြီး
“ကျွန်တော်ပြောရင် အရှင်မင်းကြီး စိတ်မဆိုးပါနဲ့….” ဟု ပြောလိုက်သည်။

“ဟား…ဟား…ဟား…”

ကျိဝူဟွေ့က ရုတ်တရက် ထရယ်ကာ
“လူအိုကြီးပိုင်… ပြောလို့အဆင်ပြေပါတယ်…ဧကရာဇ်တစ်ယောက်အနေနဲ့ ရှိသင့်တဲ့စိတ်ရှည်မှုတော့ ငါ့မှာ ရှိပါတယ်….” ဟု ပြောလိုက်သည်။

“စီနီယာက ငွေလ‌ရောင်အိမ်တော်ရဲ့သခင်လေး ချူးယန်ဖှေးကို ကျို့ယောင်မြို့ထဲမှာပဲ သတ်လိုက်တယ်…”

“ဘယ်လို…”

ထိုစကားကို ကြားပြီးနောက် ကျိဝူဟွေ့ သက်ပြင်းချလိုက်မိ၏။ ဤကိစ္စသည် အင်ပါယာအား ခေါင်းကိုက်စေမည့် ကိစ္စပင်ဖြစ်သည်။ သခင်ပိုင် စိတ်မဆိုးနဲ့ ပြောတုန်းက တော်ရုံကိစ္စပင် ထင်ထားခဲ့လိုက်မိသည်။ ယခုတော့ စိတ်ဆိုးစရာအဖြစ်ထက်ပင် ကြီးမားနေခဲ့လေပြီ။

ကျို့ယောင်မြို့ထဲတွင် ငွေလသခင်လေး အသက်ခံလိုက်ရခြင်းမှာ ကျို့ယောင်မြို့နေလူများ၏ လက်ချက်မဟုတ်သော်လည်း ထိုအပြစ်မှ လွတ်လမ်းမမြင်ပေ။ သခင်လေးကို သတ်လိုက်သော လူမှာလည်း ကျင့်ကြံခြင်းအဆင့် မြင့်မားသော လူတစ်ယောက်ဖြစ်သောကြောင့် ကျိဝူဟွေ့ ဖြေရှင်းနိုင်သည်ထက် ကျော်လွန်နေ၏။

အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ။

“မေ့လိုက်တော့….” ကျိဝူဟွေ့ သက်ပြင်းချလျှက် ပြောလိုက်လေသည်။

နတ်ဘုရားအဆင့်စတိုးဆိုင်မန်နေဂျာWhere stories live. Discover now