အခန်း (၁၈၄) မြေခွေး

274 16 0
                                    

အတွဲ (၃) အမွေခံတပည့်

အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား


ထန်ဂျီက နောက်တစ်နေ့တွင် စောစောထက ချီအခြေတည် နန်းဆောင် ဆိုင်သို့ သွား၍ အစ်မရွှေကို ရှာကာ ချီဒင်္ဂါး တစ်သိန်း အတိုးနှင့် အရင်းကို ဆပ်လေသည်။ သူက အကြေတော့ မဆပ်ချေ။ တစ်သောင်းတော့ ချန်ထားသေးသည်။

သင့်တွင် ဆပ်စရာ အကြွေးရှိနေပြီး ပိုက်ဆံ မရှိပါက သင်မပြေးရန် ကြွေးရှင် သင့်အိမ်တွင်ပင် လာနေတတ်သည်။

သို့သော် သင့်တွင် ဆပ်စရာ အကြွေးရှိပါက ကြွေးရှင်က ငွေပင် ထပ်၍ ချေးချင်လေသည်။

ငွေဆိုသည်မှာ တစ်ကယ်လိုသောလူ၏ လက်ထဲတွင် မရှိတတ်ချေ။

ထန်ဂျီအတွက် အကြွေးကို ချန်ထားချင်မှာ အနာဂတ်တွင် အကျိုးရှိလာနိုင်၍ ဖြစ်သည်။ ကုချန်ချင်းနှင့် ဝေထျန်းကျီမှာ အကေင်းဆုံး ဥပမာများပင်။ ထန်ဂျီက သူသည် အငြိမ်မနေတတ်သော သူဟု သူ့ကိုယ်သူ သဘောပေါက်သည်။ ထိုသို့ ဆိုလျှင် အကြွေးထားထားခြင်းက သူ့အတွက် အာမခံ တစ်ခ ရထားသလိုပင်။

အာမခံ ရှိထားပါက အန္တရာယ်များသော အလုပ်များ လုပ်၍ ရလေသည်။

လက်ရှိတွင် သူက အကြွေးယူထားခြင်းက ငွေထက် အာဏာနှင့် အားသာချက်ပင်။

မည်သို့ပင်ဆိုစေ ထန်ဂျီက ငွေကိုးသောင်းကို တစ်ခါတည်း လာပေးခြင်းအတွက် အမျိုးသမီးရွှေက အံ့ဩနေသည်။

"ကြည့်ရတာ နင့်ရဲ့ ငွေတစ်သိန်းတန် စက္ကောမရုပ်က နင့်ကို ငွေအများကြီးရအောင် ဖန်တီးပေးတယ်ထင်တယ်" အမျိုးသမီးရွှေက စလိုက်သည်။

သူမက ထိုစက္ကောမရုပ်သည် မရှိကြောင်း သိလေသည်။ ထန်ဂျီက ရှက်သွားကာ ခေါင်းငုံ့သည်။

"အစ်မရွှေကသာ မကူရင် ထန်ဂျီက ဒီလောက် ခရီးမရောက်နိုင်ပါဘူး"

အမျိုးသမီးရွှေက ရယ်သည်။ သူမက ထန်ဂျီကို သူမ၏ တူလေးအလား ကြည့်သည်။

"နောက်ဆုံးတော့ နင့်ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ လုပ်တာပဲလေ။ ဒါပေမယ့် ဒါက အတော်လေး အန္တရာယ်များတယ်။ နောက်ပြီး ဒါက အန္တရာယ်ကနေ အကျိုးအမြတ် ရတဲ့ အခါ ကြုံကြိုက်လို့ပဲ။ တစ်ချိန်လုံး ချောက်နှုတ်ခမ်းပါးမှာ လမ်းလျှောက်နေရင် တစ်ချိန်ချိန်တော့ ပြုတ်ကျမှာပဲ။ နောက်ကျလို့ရှိရင် နင်က သင့်တော်တဲ့ လမ်းကို လျှောက်တာ ကောင်းမယ်"

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now