အခန်း (၂၁၀) ရေခဲတိမ်ပန်း

75 6 0
                                    


ကျားလေးပေါ်တွင် စီးရင်း ထန်ဂျီက ပန်းတောအုပ်ကို ဖြတ်သန်းနေသည်။ သူ့ရှေ့တွင် မည်းမှောင်နေသော ဂူပေါက်ဝ တစ်ခုက ပေါ်လာလေသည်။ ဂူဆီမှ အေးစက်သော လေများက ထွက်နေသည်။

ရေခဲဂူပင်

အေးခဲနတ်သမီးက ဂူထဲသို့ ဖြတ်ခနဲ ဝင်သွားသည်။ သူက လိုက်ရန် ပြင်ချိန်တွင် နောက်မှ အသံတစ်ခု ထွက်လာသည်။

"ထန်ဂျီ စောင့်အုံးဟ"

ဝေထျန်းချောင် ရှီမန်၊ ချိုက်ကျွန်းယန်နှင့် ယိယိတို့က လိုက်လာသည်။

ယိယိက သူတို့နှင့် အတူတူဖြစ်၍ သူတို့က ကျတ်တီးမြေရှစ်ပါး အစီအရင်မှ အသာအယာ ထွက်လာနိုင်လေသည်။ ယိယိက ထန်ဂျီရင်ခွင်ထဲ ခုန်ဝင်လာသည်။ သူမက ထန်ဂျီနှင့် ခွဲရသည်မှာ ကြာပြီ ဖြစ်၍ လွမ်းနေလေသည်။ သူမက ထန်ဂျီကို နမ်းပင် နမ်းလိုက်သေးသည်။

"မင်းသိလား.. မင်းက ငါတို့ကို ရက်အများကြီး ပစ်ထားပြီး ချိုက်ကျွန်းယန်ကိုတောင် လက်လွှဲသွားသေးတယ်" ဝေထျန်းချောင်က ဒေါသတကြီး အော်သည်။

"ခု အဆင်ပြေတယ် မဟုတ်ဘူးလား" ထန်ဂျီက ပြောလိုက်သည်။

ဝေထျန်းချောင်က အတော်လေး ကြုံခဲ့ ဆုံခဲ့ပုံ ရသည်။ သူက ဝိတ်ပင် ကျသွားလေသည်။

သူက နဂိုတည်းက သိပ်မဝချေ။ သူ၏ အသားမှာ ဖြူကာ နုလေသည်။ ယခုမူ သူက ပိန်သွားကာ အသားများက ကြေးနီရောင် သန်းလာသဖြင့် အားကောင်း မောင်းသန်ပုံ ပေါက်လာသည်။

ချိုက်ကျွန်းယန်က ကြားထဲက မကျေမနပ် ဝင်ပြောသည်။

"ဘာလဲ မင်းက ငါလုပ်ပေးတာ မကြိုက်ဘူးလား။ ဒါနဲ့ ဘယ်မှာလဲ ငါရမယ့် အမောက်တောင် မွှေးတွေ"

သူက ထန်ဂျီကိုပါ လှည့်မေးသည်။

ဝေထျန်းချောင်က ဇက်ပုသွားကာ ဆက်မပြောရဲချေ။ ချိုက်ကျွန်းယန်က သူ့အား ကာကွယ်ခဲ့သည်မှာ မှန်သလို သူက သူ၏ အစေခံကျောင်းသားလည်း မဟုတ်ချေ။ ထို့ကြောင့် ချိုက်ကျွန်းယန်က သူ့အပေါ် ယဉ်ကျေးနေစရာ မလိုချေ။

"ငါက ကတိတည်ပါတယ်" ထန်ဂျီက သိုလှောင်အိတ်ထဲမှ အမောက်တောင် မွှေးများ ထုတ်၍ပေးလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now