"နင်က ငါ့ရဲ့ အစီအရင်ကို လှည့်ကွက်လေး နည်းနည်းနဲ့ ဖျက်ချင်တာလား။ အိပ်မက်မက်နေတာပဲ" အစီအရင်ထဲမှ အေးစက်သော ရယ်သံစွက်သည့် စကားသံ တစ်ခုက ထွက်လာသည်။ ထိုသည်မှာ အေးခဲ့ နတ်သမီးဖြစ်သည်မျာ ကျိန်းသေလေသည်။
ရုက္ခစိုးများမှာ ဉာဏ်ရည်အပြည့်ဖြင့် မွေးဖွားလာခြင်းပင်။ အသားစားခြင်း သွေးသောက်ခြင်းကြောင့်သာ ပြန်၍ အရိုင်းစိတ် ဝင်သွားခြင်း ဖြစ်ကာ စိတ်ဖွင့် အဆင့်ကို ရောက်ချိန်တွင် ပြန်၍ ဉာဏ်ရည်က ကြည်လင်လာသည်။ စကားပြောနိုင်ခြင်းမှာ မထူးဆန်းချေ။ သို့သော် လက်ရှိ ရုက္ခစိုးမှာ အတော်လေး ထူးသည့် ဉာဏ်ရည် ရှိသဖြင့် ကျောင်းသားများအတွက် မကောင်းချေ။
အသံများက ဟိုမှ ဒီမှ ဆက်တိုက်ထွက်နေကာ အေးခဲ့ နတ်သမီးက အမဲဆက်လိုက်နေသည်။ ထိုအချိန်တွင် အစီအရင်တွင်းမှ ဒေါသတကြီး အသံတစ်ခု ထွက်လာသည်။
"ရုက္ခစိုးမ ဒီကို လာစမ်း"
ဘုန်းးး
ဆူညံသော အသံတစ်ခုနှင့် အတူ မြှူထုက တုန်ခါသွားသည်။
"တန်းကြီးအစ်ကို" ဟု ခေါ်သံများက အစီအရင်တွင်းမှ ထွက်လာသည်။
"ဖုန်ယောင်လုံ" ထန်ဂျီက ရေရွတ်လိုက်သည်။
ဖုန်ယောင်လုံမှာ မည်သူမှန်း သူသိလေသည်။ ထိုတစ်ယောက်မှာ ဆဌမနှစ် ချီပင်လယ်အဆင့် ကျောင်းသား ဖြစ်ကာ ဒုက္ခလွန်မြောက် အဆင့်သို့ ဝင်တော့မည် ဖြစ်လေသည်။ အမွေခံတပည့် နေရာအား မျက်စောင်းထိုးနေသူ များစွာထဲတွင် သူက အစွမ်းအကောင်းဆုံးနှင့် အခွင့်အလမ်း အများဆုံးသူ ဖြစ်လေသည်။
သို့သော် လင်းလန်အား ဖမ်းရမည့် တာဝန်တွင် သူက သူ၏ အစွမ်းကို မထုတ်နိုင်ခဲ့ချေ။ ပြန်လမ်းမဲ့ တောင်ကြားမှာ သူ့အတွက် အခွင့်အလမ်းပင်။ ဖုန်ယောင်လုံ၏ တိုက်ခိုက်မှုအောက်အတွင် ပုံရိပ်ယောင်မှာ ပျက်ပြယ်မသွားသော်လည်း ရောင်စုံ အလင်းများကြားတွင် မြှူထုက လိမ်တွန့်သွားလေသည်။
"အစီအရင်မှာ ကျွမ်းတဲ့ ကျောင်းသား အားလုံး အစီအရင်ကို ဖျက်ဖို့ ကြိုးစားကြ" နောက်အသံ တစ်ခုက ထွက်လာသည်။
YOU ARE READING
တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)
Misterio / Suspensoတောင့်တမျှော်မှန်း အမတလမ်း အတွဲ (၃) အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား၊ အပိုင်း (၃) နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်