အခန်း (၂၀၃) တိုက်ပွဲ

77 10 0
                                    


ထန်ဂျီက ယိုင်ထိုးကာ လဲကျသွားသည်။

သူ့ရှေ့တွင် သွေးများက ပင်လယ်လို အိုင်ထွန်းနေသည်။

သူ့ကိုယ်တွင် သွေးများ ဖုံးလွှမ်းနေပြီး သွေးဖြင့် ရေချိုးထားသလားပင် ထင်ရပြီး ဆံပင်များက စေးကပ်နေသည်။ သူ့ရင်ဘတ်မှ သွေးများ စီးကျနေပြီး လက်ငါးကြောင်း ရာကြီးက သူ့အား ဆုတ်ဖြဲတော့မတတ် ပေါ်နေသည်။

သူ့ကိုယ်တွင် လက်သည်းပေါက်ရာများက ပြည့်နေသည်။ မိုးကြိုးများက ထန်ဂျီအား မထိခိုက်စေတော့သော အခါ မိုးကြိုးငှက်များက ရှေးဦးနည်းလမ်းအတိုင်း သူ့အား ခြေသည်းများဖြင့် တိုက်ခိုက်ခဲ့ကြခြင်းပင်။ ထန်ဂျီအား သူတို့က နှုတ်သီး အတောင်နှင့် ခြေထောက်များဖြင့် တိုက်ခိုက်သည်။ ထိုမျှ များပြားကြမ်းတမ်းစွာ တိုက်ခိုက်ခံခဲ့ရသဖြင့် ထန်ဂျီ၏ ကိုယ်က မာကြောသော်လည်း တစ်ကိုယ်လုံးက စုတ်ပြတ်သတ်နေလေသည်။

သို့သော် သူက နိုင်ခဲ့လေသည်။

သူ့ရှေ့မလမ်းမကမ်းတွင် မိုးကြိုးငှက်ဘုရင်က သွေးအိုင်ထဲတွင် လဲကျ သေဆုံးနေသည်။

ထိုအကောင်က သေနေပြီ ဖြစ်သော်လည်း ထန်ဂျီကို မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။

'ငါတို့က ဘာအညှိုးရှိလို့ ဒီလို အမြစ်လာဖြုတ်ရတာလဲ' ဟု မေးနေသလိုပင်။

ထိုသည်ကား ကျင့်ကြံခြင်း လောကပင်။

ထိပ်ဆုံးရှိလူများသည် သူတို့၏ ဘဝကို သတ်ဖြတ်မှုများစွာဖြင့် တည်ဆောက်ခဲ့ကြခြင်းပင်။

ထန်ဂျီက အသက်ကို ခက်ခဲစွာ ရှူရင်း အားတင်းကာ ထရပ်သည်။

သူက မိုးကြိုးငှက်များ၏ ခေါင်းမှ အမောက်မွှေးများကို အရင်နှုတ်လိုက်ပြီးနောက် လေချွန်လိုက်ရာ ကျားလေးက ပေါက်ချလာတော့သည်။

ယခင်နှင့် မတူစွာ ထိုကောင်လေးက ချက်ချင်း မစားသေးပဲ အလောင်းများ သွေးများကို ကြောက်လန့်စွာ ကြည့်လိုက်သည်။

"ဒါအကုန်လုံး မင်းစားဖို့ပဲ။ မင်းက ကြာကြာ ထားလေ ချီစွမ်းအားက ကုန်သွားလေ ဖြစ်မှာ" ထန်ဂျီက ပြောလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now