အခန်း (၁၉၉) အကူအညီ တောင်းခြင်း

68 7 0
                                    


ဒဏ်ရာကို ပတ်တီး စည်းပြီးသွားချိန်တွင် ချိုက်ကျွန်းယန်က အလန့်တကြား ထအော်သည်။

"ထန်ဂျီ.. ငါတို့က အဆင့်မြင့်သားရဲကို သတ်လိုက်တာလား"

"အေးလေ ဘာလို့လဲ" ထန်ဂျီက ကြောင်တောင်တောင်ဖြင့် မေးသည်။

"အဆင့်မြင့် ချီအာရုံခံ အဆင့်မြင့်သားရဲဟ။ ဒါက ချီအခြေတည်အဆင့်မှာ အမြင့်ဆုံးကောင်။ ငါတို့က ကျောင်းတက်တာ တစ်နှစ်ကျော်ပဲ ရှိသေးတာ။ အဲ့ဒါကို အဲ့လို ကောင်ကြီးကို သတ်နိုင်တယ်" ချိုက်ကျွန်းယန်က အားရဝမ်းသာ ပြောသည်။

သူက တိုက်ပွဲအတွင်းတုန်းက ထိုအကြောင်းကို မတွေးမိသေးချေ။ ယခု အေးဆေးသွားတော့မှသာ သူနှင့် ထန်ဂျီက စံချိန်တင်နိုင်ခဲ့ကြောင်း သတိရသည်။

သားရဲများမှာ ကြမ်းတမ်းကာ အဆင့်တူအတွင်းဆိုလျှင် ပို၍ အားသာသဖြင့် အဆင့်ကျော်တိုက်ရန်မှာ ပို၍ မလွယ်ချေ။

သူနှင့် ထန်ဂျီမှ ယခုမှ ချီရေကန်အဆင့်ဖြစ်ကာ အဆင့်တူ သားရဲကို တိုက်ခိုက်နိုင်သည်ကပင် အတော်လေး ကောင်းသော ရလာဒ်ဖြစ်သည်။ သူတို့ထက် တစ်ဆင့်မြင့်သော ကောင်ကို သတ်နိုင်မည်ဟု သူက တစ်ခါမျှ မထင်ခဲ့ချေ။ သူကထိုအကြောင်း တွေးလေ ထန်ဂျီကို ကြည့်သော အကြည့်က ပို၍ ထူးဆန်းလာလေပင်။

သူက သူ့အကြောင်း သူသိသည်။ ထို့ကြောင့် ထန်ဂျီက ဘယ်လောက် စွမ်းသည်ကို သူနားလည်လာသည်။

သူက ထိုသည်ကို သတိထားမိသည်မှာ နောက်ကျသော်လည်း သိပ်တော့ နောက်မကျချေ။ သူက ထန်ဂျီကို ထပ်ကြည့်သည်။

'ဒီကောင်က ချီပင်လယ်အဆင့်လောက်ကို စွမ်းနေတာလား' ဟု တွေးလိုက်သည်။

"အတော်လေး ခက်တဲ့ တိုက်ပွဲလေ။ ဒီကင်းခြေများက ဒီတောင်ကြားထဲမှာ အကြမ်းဆုံးကောင်လို့ ပြောလို့မရသေးဘူး။ ငါတို့က ဒီကောင်ကြီးကို နိုင်တယ် ဆိုပေမယ့် ဒီထဲမှာ ပြိုင်ဘက်ကင်းပြီလို့ ပြောမရသေးဘူး"

"မှန်တယ်။ ငါတို့က ဒီမှာ ရတာတွေကိုသာ ချက်ချင်း အသုံးချနိုင်ရင် ဘယ်လောက် ကောင်းမလဲ" ချိုက်ကျွန်းယန်က မချိတင်ကဲ ပြောလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now