နောက်တစ်နေ့မနက် ထန်ဂျီက နိုးလာချိန်တွင် သူက အားအင်များ ပြည့်ဝနေပြီး ချိပ်ပိတ်နယ်မြေတွင် ကျင့်ကြံရခြင်း အကျိုးကို နားလည်လိုက်သည်။ မနေ့ညက သူက ပြီးပြည့်စုံသော လှည့်ပတ်မှု ရှစ်ခါ လုပ်နိုင်ခဲ့ပြီး ထိုသည်ကား ပုံမှန်ထက် နှစ်ဆယ်ရာနှုန်း ပိုမြန်လေသည်။ နှစ်ဆယ်ရာနှုန်းသာ ဆိုသော်ငြား အကြိမ်များလာလျှင် ထိုသည်ကား အလွန်းကြီးမားသော အကျိုးဆက်ပင်။ သူက ဆေးများ သုံးလျှင်ပင် ကျင့်ကြံနှုန်းမှာ နှစ်ဆယ်ရာနှုန်း သုံးဆယ်ရာနှုန်းသာ တိုးသည် မဟုတ်ပါလား။ ဤနယ်မြေမှာ အသေးစား သုခဘုံလေးသာ ဖြစ်သော်ငြား ကျောင်းသားများကို အတော်လေး အထောက်အကူ ဖြစ်လေသည်။
ထိုသည်ကို သဘောပေါက်သွားသောအခါ သူက နဝင်းမဟူရာ သခင်၏ မူလပြန်သိုက်နယ်မြေ၏ တန်ဖိုးကို ပို၍ နားလည်လာလေသည်။
သို့သော် ထိုအတွေးမှာ ခဏသာ။ သူ့အနေဖြင့် သိုင်းသခင်၏ ရတနာများကို ယူရန် အရည်အချင်း မပြည့်သေးချေ။ သူက ကျားလေးနှင့် အတူ ခရီးဆက်သွားသည်။
သူက အဝေးမှ တောင်တစ်လုံးကို မြင်မိသည်။
"ဒါက ကောင်းတယ်"
သူက တောင်ပေါ် တက်၍ မြေအနေအထားကို ကြည့်နိုင်လျှင် ဘယ်ရောက်နေသည်ကို သိချေပြီ။
ထန်ဂျီက တောင်ဆီ အမြန်ဆက်သွားသည်။
သူက လမ်းတစ်ဝက် အရောက်တွင် ကျောင်းသား သုံးယောက် တိုက်ခိုက်နေသည်ကို တွေ့လိုက်သည်။ အမျိုးသမီးတစ်ယောက် အမျိုးသား တစ်ယောက်ပင်။ ကျောင်းသူက ကျောင်းသား နှစ်ယောက်နှင့် တစ်ယောက်တည်း တိုက်ခိုက်နေခြင်း ဖြစ်ပြီး ပုဝါစ တစ်ခုကို သုံးကာ ရွှေရောင် အလင်းများထုတ်၍ တိုက်ခိုက်နေခြင်းပင်။
သူမက တစ်ယောက်တည်း ဖြစ်၍ နှစ်ယောက် တစ်ယောက် တိုက်ခိုက်ရသည်မှာ အရေးနိမ့်နေကာ ဒဏ်ရာများ ပြည့်နေသည်။ ထန်ဂျီကို မြင်သည်နှင့် သူမက ဝမ်းသာစွာ လှမ်းအော်သည်။
"တန်းကြီးအစ်ကို လာကူပါအုံး"
သူမက ပုဝကို သိမ်းကာ ထန်ဂျီဆီ ပြေးလာသည်။ ကျောင်းသား နှစ်ယောက်က နောက်မှ လိုက်ရင်း အော်သည်။
YOU ARE READING
တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)
Mystery / Thrillerတောင့်တမျှော်မှန်း အမတလမ်း အတွဲ (၃) အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား၊ အပိုင်း (၃) နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်