အခန်း (၁၉၂) ပြင်ဆင်ခြင်း

78 11 0
                                    


ရှီမန်နှင့် ခွဲပြီးနောက် ထန်ဂျီက အိမ်ပြန်လာသည်။ သူက တံခါးကို ဖွင့်လိုက်ချိန်တွင်ပင် ပန်းပွင့်ချပ်များက မိုးရွာသလို ကျလာသည်။ ထန်ဂျီက လက်ဖြင့် တစ်ခုကို ဖမ်းလိုက်ရာ မမိပဲ ထိုပွင့်ချပ်က သူ့လက်ကို ရှသွားလေသည်။ အခြားပင့်ချပ်များကလည်း သူ့ကိုယ်ကို ဖြတ်သန်းသွားသည်။ ထန်ဂျီက လက်ဖြင့် မျက်နှာကို ကာက ပွင့်ချပ်များ အောက်မှ ပြေးထွက်သည်။

ယိယိက ပန်းခြုံထဲမှ တခိခိရယ်ရင်း ထွက်လာသည်။

"ဘယ်လိုထင်လဲ အစ်ကိုကြီး။ ကျွန်မ ပွင့်ချပ်မိုးက အတော်လေး ကောင်းတယ်မလား"

ထန်ဂျီက သူ့လက်ကို တစ်ချပ် ပြန်ကြည့်ရင်း ပြောလိုက်သည်။

"မဆိုးဘူး။ နင်က အတော်တိုးတက်လာတာပဲ။ ဒါပေမယ့် ယိယိ နင်က ခုအဲ့ဒါကို ဆက်ကျင့်လို့ မရတော့ဘူး။"

"ဘာလို့လဲ"

"နင်က တခြား ပညာတစ်ခု ကျင့်မှ ရတယ်" ထန်ဂျီက ထိုသို့ပြောရင်း နတ်ဘုံလွှာဓါးကျမ်းကိုး ကူးလာသည့် အစီအရင်ပြားကို ထုတ်လိုက်သည်။

"တခြားပညာလား။ ဒုတိယ တာဝန်က ထွက်လာပြီလား" ယိယိက တစ်ခုခုလွဲနေသည်ကို တန်းသိသည်။ သူမက ငယ်သေးသော်ငြား ထန်ဂျီနှင့် နေသည်မှာ ကြာလာပြီ ဖြစ်၍ တွေးတတ်ခေါ်တတ်လာချေပြီ။ သူမက ချက်ချင်းပင် အကြောင်းကို တန်းသိသည်။

"အင်း ပြန်လမ်းမဲ့တောင်ကြား" ထန်ဂျီက သူမအား တောင်ကြားအကြောင်း ပြောပြလိုက်သည်။ ယိယိက လန့်ဖြန့်သွားသည်။

"ပြန်လမ်းမဲတောင့်ကြားက အန္တရာယ်များတယ် ဆိုပေမယ့် ငါ့အတွက်က အဆင်ပြေတယ်။ သခင်လေးကိုပဲ စိတ်ပူတာ။ နင်နဲ့ မြေခွေးလေးက သူ့နား ရှိတယ်ဆိုရင်တောင် နင်တို့အတူ ချီအာရုံခံ သားရဲတွေကို ကိုင်တယ်နိုင်ပေမယ့် စိတ်ဖွင့်အဆင့် သားရဲနဲ့ဆို မလွယ်ဘူး။ ဒါကြောင့်မလို့ ငါတို့က နှစ်ယောက်ကြားမှာ အဆက်အသွယ် မပြတ် ရှိနေဖို့ လိုတယ်။ အဲ့ဒါဆို တောင်ကြားထဲ ရောက်ရင် ငါတို့အချင်းချင်း ဆက်သွယ်နိုင်ပြီ။ ကံကောင်းတာက နတ်ဘုံလွှာဓါးကျမ်းထဲမှာ အဲ့လို ပညာမျိုး ရှိနေတာပဲ"

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now