အခန်း (၂၂၃) စေးကပ် ပင်လယ်

103 4 3
                                    


ထန်ဂျီက သရဲတစ်ကောင်ကဲ့သို့ လျှင်မြန်စွာ သွားနေသည်။ သစ်ပင်များက သူ့ဘေးတွင် တစ်ရိပ်ရိပ် ဖြတ်သန်းနေသည်။ ထန်ဂျီက ခရမ်းလျှပ်စီးဖိနပ် အကူဖြင့် ခရမ်းလျှပ်စီး ခုန်ပျံကို အစွမ်းကုန် သုံးကာ မြှားတစ်စင်းလို ဦးတည်ကာ သွားနေသည်။

သူက ထိုနှုန်းအတိုင်းသာ သွားလျှင် သူက မကြာမီ အစီအရင် အစွန်းသို့ ရောက်နိုင်လေသည်။

သို့သော် ကိစ္စများက ထိုလောက် မရိုးရှင်းချေ။

သူက အတန်ကြာ ပြေးပြီးနောက် သူ့ရှေ့တွင် တောင်ကြား တစ်ခု ပေါ်လာလေသည်။ ထို တောင်ကြားမှာ သူ၏ မူလလမ်းနှင့် ကွဲပြားသည်။ သို့သော် ထိုနေရာတွင် နောက်ထပ် လမ်းကြောင်း သုံးခု ရှိနေပြန်သည်။ ထန်ဂျီက သူသည်သည် သံသရာ (ပြန်လည်ဝင်စားမှု) လမ်းဆုံ သို့ ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သည်။

သံသရာ လမ်းဆုံမှာ နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်၏ အခြေခံဖွဲ့စည်းမှု တစ်ခု ဖြစ်သည်။ အစီအရင်တွင်းသို့ ဝင်သူတိုင်း ကြုံရမည့် အရာဖြစ်သည်။ ထိုနေရာကို ရောက်မှသာ တစ်ကယ့် အစီအရင်၏ စမ်းသပ်မှုကို ကြုံရသည်ဟု ပြော၍ ရလေသည်။ အရပ်မျက်နှာ ရွေးချယ်ခြင်းဆိုသည်မှာ အပရိကသာ ဖြစ်လေသည်။

သံသရာလမ်းဆုံတွင် လမ်းကြောင်း သုံးခု ရှိလေသည်။ နီးသောလမ်း၊ အလယ်အလတ် လမ်းနှင့် ဝေးသော လမ်း ဖြစ်လေသည်။ ဘယ်ဖက်မှာ အဝေးဆုံး ဖြစ်ပြီး လမ်းတွင် အန္တရာယ်မရှိချေ။ ထိုလမ်းကို ရွေးလျှင် အဝေးကြီး သွားရမည် ဖြစ်ကာ မြန်မြန်သွားနိုင်သူသာ အဆင်ပြေသည်။ ဘယ်ဖက်မှာ အလယ်အလတ် လမ်းဖြစ်ကာ လမ်းတစ်လျှောက်တွင် သားရဲများ ရှိနေကာ တိုက်ရခိုက်ရမည် ဖြစ်သည်။

အလယ်လမ်းမှာ အတိုဆုံး ဖြစ်ကာ ထိုလမ်းတွင် ပုံရိပ်ယောင် များစွာ ရှိလေသည်။ ထိုလမ်းကို ဝင်လျှင် လောကကြီးက ဇောက်ထိုးမိုးမျှော် ဖြစ်သွားမည် ဖြစ်သည်။ လမ်းတွင် အန္တရာယ်များစွာလည်း ရှိသည်။ အစွမ်းကောင်း၍ အစီအရင်ကို ကျွမ်းသူများသာ သွားသင့်သော လမ်းဖြစ်သည်။

လမ်းအရှည်အလျား ကွာသော်လည်း အတိုဆုံးလမ်းကို သွားလျှင် မြန်မြန် ရောက်မည် မဆိုလိုချေ။ ထိုလမ်းကို ရွေးလိုက်သည်နှင့် ပြန်ဆုတ်၍ မရချေ။ လမ်းတစ်လျှောက် ပုံရိပ်ယောင်များကို မဖြတ်သန်းနိုင်လျှင် အကြာဆုံး ဖြစ်နိုင်သလို သေလျှင်တောင် သေနိုင်သည်။ အလယ်အလတ်လမ်းမှာ တိုက်ပွဲ လမ်းစဉ် ဖြစ်သည်။ အစွမ်းမရှိလျှင် မရချေ။

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now