ထန်ဂျီက ချီအခြေတည်နန်းဆောင်၏ ပုံမှန် ဖောက်သည်ပင်။ ထို့ကြောင့် သူရောက်လာသည်နှင့် ကျောင်းသား တစ်ယောက်က သူ့အား အမျိုးသမီးရွှေနှင့် တွေ့ရန် ခေါ်သွားသည်။ အမျိုးသမီးရွှေက ခြံဝန်းဆီမှ ထွက်လာပြီးနောက် ထန်ဂျီကို ပြုံးပြသည်။
"နင်ရောက်လာမယ် ငါသိသားပဲ။ ပြီးတော့ နင်က ပြန်လမ်းမဲ့ တောင်ကြားက ပစ္စည်းကောင်းတေ အများကြီး ရလာတယ်။ ဟုတ်တယ်မလား"
"ကျွန်တော်က အသုံးမကျသလို ကြာပန်းနီရဖို့ ကြိုးစားနေရတော့ ကျွန်တော်က အများကြီး မရခဲ့ပါဘူး။ ရက်သုံးဆယ်အတွင်း ဒါပဲ ရတယ်"
သူက သားရဲ အမတေကို ထုတ်လိုက်သည်။ အမျိုးသမီးရွှေ၏ မျက်လုံးက တောက်ပသွားသည်။
"ဒါက မိုးကြိုးငှက် အမတေပဲ။ နင်က ရလာတာဆိုတော့.."
"ကျွန်တော်က ကံကောင်းလို့ပါ"
"နင်က ဘယ်လို လုပ်ခဲ့တာလဲ"
"ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်က မျှားခေါ်လိုက် အုပ်ခွဲပြီး အမဲလိုက်လိုက် လုပ်တာပါ။ သူတို့က ချီအာရုံခံ အဆင့်ဆိုပေမယ့် သားရဲက သားရဲပဲလေ။ အချိန်အလုံအလောက် ရရင် သူတို့ကို ကျွန်တော်တို့က လုံးပါးပါးအောင် လုပ်ပြီး သတ်လို့ ဖြတ်လို့ ရတာပဲ"
အမျိုးသမီးရွှေက သူ့အား သေချာ စိုက်ကြည့်လိုက်သည်။
"လူတိုင်း ဒါကို သိတယ်။ လူတစ်ယောက်တည်းကသာ မိုးကြိုးငှက်အုပ်ကို တဖြည်းဖြည်း လုံးပါးပါးလုပ်လို့ ရရင် မိုးကြိုးငှက် ချောက်ကမ်းပါးက ပြန်လမ်းမဲ့ တောင်ကြားရဲ့ အန္တရာယ်နယ်မြေ ဖြစ်မှာ မဟုတ်ဘူးလေ။ ထားလိုက်ပါ။ ဒါက နင့်ကိစ္စ ငါက မမေးတော့ဘူး"
သူမက အမတေကို ယူကြည့်လိုက်သည်။
"အင်းး ဒါက တစ်ကယ်ကို ကောင်းတဲ့ အမတေပဲ။ သေချာ သိမ်းထားတာ။ ဒါက မိုးကြိုးငှက် ဘုရင်ရဲ့ အမတေမလား။ ဟုတ်တယ်မလား"
ထန်ဂျီက ပြုံးကာ ဘာမျှ မပြောချေ။
"တစ်ကယ်ကြီးလား"
အစ်မရွှေက ထန်ဂျီဘာမျှ မပြောခြင်းကြောင့် သဘောပေါက်သွားသည်။ ဒီကောင်လေးက အတော်ကို ထူးဆန်းသည်။ သူက မိုးကြိုးငှက် ဘုရင်ကို သတ်နိုင်မှတော့ ချောက်ကမ်းပါး တစ်ခုလုံး အပြောင်ရှင်းခဲ့မှာ သေချာသည်။ သူမက သက်ပြင်းချသည်။
YOU ARE READING
တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)
Misterio / Suspensoတောင့်တမျှော်မှန်း အမတလမ်း အတွဲ (၃) အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား၊ အပိုင်း (၃) နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်