ဥပုံသဏ္ဍာန် ကျွန်းတစ်ခုက ပင်လယ်ပြာပေါ်တွင် တည်ရှိနေသည်။ ကောင်းကင်မှ ကြည့်လျှင် ရေထဲတွင် မျှောနေသော ဘဲဥကြီး တစ်လုံးနှင့်ပင် တူလေသည်။ ထူထပ်လှသော မြှူများက ကျွန်းကို အုပ်ဆိုင်းနေပြီး ကျွန်းပေါ်ကို မမြင်ရချေ။ ထိုမြှူထူက ကျွန်း၏ ပုံစံကို ပြင်ပမှ မမြင်ရအောင် ကာထားခြင်းပင်။
ထိုကျွန်းက လေသရဲကျွန်းပင်။
လေသရဲကျွန်းမှာ သမုဒ္ဒရာထဲမှ သေးငယ်သော ကျွန်းလေး တစ်ခုပင်။ စတုရန်းမိုင် ၃၄၀၀ ခန့် ကျယ်လေသည်။ အရှေ့နှင့် အနောက် ရှည်လျားပြီး တောင်နှင့်မြောက်မှာ တိုလေသည်။ အရှည်ဆုံး အလျားမှာ မိုင်ခြောက်ဆယ်ကျော် ဖြစ်လေသည်။
ကျွန်း၏ သုံးပုံနှစ်ပုံမှာ သစ်တောများ လွှမ်းနေပြီး တောင်ဘက်ပိုင်းတွင် တောင်တစ်လုံး ရှိကာ မုန်တိုင်းတောင်ကုန်းဟု ခေါ်လေသည်။ ထိုတောင်ထိပ်တွင် မုန်တိုင်းလေပွေများ တစ်ချိန်လုံး ရှိနေလေသည်။ တခြားနေရာများနှင့် မတူစွာ နေ့နေ့ညည ရှိနေကာ ထို့ကြောင့်ပင် စိမ်းပြာလေကျောက်စိမ်း ဆိုသည့် ကျောက်က ဤနေရာတွင် ထွက်ခြင်း ဖြစ်လေသည်။ တစ်ကမ္ဘာလုံး၏ စိမ်းပြာ လေကျောက်စိမ်း လေးဆယ်ရာနှုန်းမှာ ဤနေရာမှ ထွက်လေသည်။
လေးဆယ်ရာနှုန်းဆို၍ အထင်သေး၍ မရချေ။ တစ်နှစ်ဆန်စပါး ထွက်နှုန်း၏ လေးဆယ်ရာနှုန်း လျော့သွားလျှင် တစ်ကမ္ဘာလုံး အငတ်ဘေး စိုက်လေသည်။
ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် မည်သည့် ပစ္စည်းမဆို ဆယ်ရာခိုင်နှုန်း ထုတ်လုပ်နိုင်သောသူ ဈေးနှုန်းကို လက်ဝါးကြီး အုပ်နိုင်သည့် အဆင့်ရှိလေသည်။ ထိုသို့သူမျိုးကို ပြန်တိုက်နိုင်သော သူမှာ သူနှင့် အဆင့်တူ ထုတ်နိုင်သူ သို့မဟုတ် ပိုများသူသာ ဖြစ်လေသည်။
ယဉ်ပျံက လေထဲတွင် ခေတ္တတုန့်နေပြီးနောက် တဖြည်းဖြည်း ဆင်းသက်လာသည်။ ယဉ်ပျံက မြှူထုကို ဖြတ်သန်းသွားပြီးနောက် သူတို့၏ မြင်ကွင်းက ကြည်လင်သွားသည်။ ကျောင်းသားများက ချက်ချင်းပင် ပတ်လည်ကို အာရုံစိုက် ကြည့်ကြကာ ကျွန်းအနေအထားကို တတ်နိုင်သမျှ မှတ်သားနေသည်။ သူတို့အနေဖြင့် ကျွန်းကို ရှင်းလင်းစွာ မြင်ရရန် အခွင့်အရေး ယခုတစ်ခါသာ ရှိလေသည်။ အစီအရင်က ယခုထိ အသက်မဝင်သေးချေ။
YOU ARE READING
တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)
Mistero / Thrillerတောင့်တမျှော်မှန်း အမတလမ်း အတွဲ (၃) အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား၊ အပိုင်း (၃) နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်