အခန်း (၂၀၁) မိုးကြိုးငှက် ခြောက်ကမ်းပါးကို သိမ်းခြင်း

70 9 0
                                    


ချိုက်ကျွန်းယန် ထွက်သွားပြီးနောက် ဒုတိယညတွင် ယိယိဆီမှ သတင်းကို ထန်ဂျီက ရလေသည်။ ချိုက်ကျွန်းယန်က သူတို့ဆီ ရောက်လာချေပြီ။

ချိုက်ကျွန်းယန်က ဝေထျန်းချောင်နှင့် အတူတူရှိလျှင် သူက စိတ်ချရချေပြီ။ သူတို့က ရှီမန်နှင့် အခြားသူများကို သွားရှာမည် ဖြစ်သည်။

ထန်ဂျီက မိုးကြိုးငှက်အုပ်ကို စိတ်ချလက်ချ အာရုံစိုက်နိုင်တော့မည် ဖြစ်သည်။

ထိုနေ့မှ စ၍ ထန်ဂျီက မိုးကြိုးမြက်များကို အရူးတစ်ယောက်လို နေ့တိုင်း သွားခိုးတော့သည်။

မိုးကြိုးငှက်များမှာ နေ့ပျော်မျိုးများ ဖြစ်သည်။ ထို့ကြောင့် ထန်ဂျီက မြက်များကို ညဘက်မှ ခိုးသည်။ ညနက်ပိုင်းတွင် ထန်ဂျီက မြက်ခင်းဆီ ခိုးသွားကာ မြက်တစ်အုပ်ကြီးကို ခိုးလေ့ရှိသည်။

သတိပေးကြွက်များနှင့် ထန်ဂျီက အချိန်တိုင်း နီးပါး တွေ့သော်လည်း သူက သိပ်ဂရုမစိုက်တော့ချေ။ သူဂရုစိုက်သည်မှာ ငှက်များ ရောက်မလာမီ သူက မြက်များများ ခူးနိုင်ဖို့ပင်။

ဒုတိယနေ့မှ စ၍ ထန်ဂျီက ပုံရိပ်ယောင် အစီအရင်ကို မြက်ခင်းထဲတွင် မလုပ်တော့ချေ။ ထိုအစားသူက ပြေးမည့် လမ်းကြောင်းတွင် ခင်းလေသည်။ သူက သတိပေးတံခါး အလံကိုပင် သုံးလေသည်။ မိုးကြိုးငှက်များက သူ့အစီအရင်ကို ဖျက်ဆီးနိုင်သော်လည်း သူ့အတွက် ပြေးချိန် နည်းနည်းတော့ ရသည်သာ။

တစ်ညလျှင် သူက သုံးခါမှ ငါးခါ ဝင်ခိုးလေသည်။

တစ်ခါ တစ်ရန်တွင် သူက ဘာမျှ မလုပ်နိုင်မီပင် ကြွက်များနှင့် တိုးတတ်သည်။ တစ်ခါ တစ်ရံတွင်လည်း မတိုးချေ။

မြက်ခိုးလိုက် မိုးကြိုးငှက်များ လိုက်တာ ခံရလိုက်နှင့် အကြိမ်ကြိမ် ဖြစ်နေလေသည်။ အကြမ်ရေ စိပ်လာချိန်တွင် မိုးကြိုးငှက်များက သူခိုးမှာ အတော်ဆိုးသော ကောင်မှန်း သတိထားမိလာသည်။

စတုတ္ထညတွင် မိုးကြိုးငှက်များက မြက်ခင်းအစပ်တွင် သတိပေး ကြွက်အများကြီး ချထားလေသည်။ ထိုညတွင် ထန်ဂျီက မြက်ခင်းနား မကပ်နိုင်မီပင် ကြွက်များက အော်သဖြင့် ပြေးရလေသည်။ ထိုညက သူက ဘာမျှ မရချေ။

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now