အခန်း (၂၀၂) မာရ်နတ်မင်း မန္တာန်

73 11 0
                                    


ပေါင်အာ၏ သားရဲအစွမ်းနိုးထလာခြင်းက ထန်ဂျီကို အကျပ်ကျသွားစေသည်။

ကျားကို အခြားသူများ မတွေ့ခင် အခြေအနေက ဆိုလျှင် ထန်ဂျီက ထပ်၍ ဖွက်ထားနိုင်လေသည်။

ယခုမူ ပေါင်အာကို အခြားသူများက တွေ့ပြီး ဖြစ်လေသည်။

ချိုက်ကျွန်းယန်က တွေ့ပြီးနောက်ပိုင်း ဤရက်ပိုင်းအတွင်း ထန်ဂျိက အခြားသူများနှင့်လည်း ဆုံသေးလေသည်။

ထန်ဂျီက ပေါင်အာကို ထုတ်ပြရန် ရည်ရွယ်ထားပြီး ဖြစ်၍ သူက အခြားသူများရှေ့တွင် ပေါင်အာအား ဖွက်မထားခဲ့ချေ။ ဆန့်ကျင်ဖက်အနေဖြင့် သူက ကျားလေးနှင့် တစ်တွဲတွဲ သွားလာနေခဲ့လေသည်။ ယခုမူ ပေါင်အာ၏ သန္ဓေပါဂါထာများက ပြဿနာပေးချေပြီ။

ထိုသည်မှာ ပေါင်အာက သွေးမျိုးဆက် စွမ်းအား မနိုးထသေးသလို သူ၏ ဉာဏ်ရည်မှာလည်း မဖွံ့ဖြိုးသေးသဖြင့် အရာရာကို နားမလည်သေးချေ။ ထို့ကြောင့် သူ၏ အစွမ်းများကို ဖုံးကွယ်ထားခိုင်းရန် မဖြစ်နိုင်ချေ။ သူက အစာလုရန်ပင် ပညာများကို ထုတ်သုံးနေသေးသည်။

လရောင်လှုံဂိုဏ်းကို ပြန်ရောက်ပါက လူသိသွားမည်မှာ သေချာလေသည်။

သူတို့က တောင်ကြားမှ ထွက်သည်နှင့် လက်ရှိ သူတို့အစွမ်းအရ ပေါ်သွားပါက သေမည်မှာ သေချာလေသည်။

ထို့ပြင် ဝမ်ပိုကွမ်းက သူ့သားကို သူ့အား အပ်လိုက်ခြင်းမှာ နောက်ထပ် အကျဉ်းစံ ဖြစ်ရန် ရည်ရွယ်၍ မဟုတ်ချေ။

ဘာလုပ်ရမည်နည်း...

ထန်ဂျီက အသေအကျေ စဉ်းစားနေလေသည်။

ကျားလေးက ထန်ဂျီ၏ ပြဿနာကို မသိချေ။ သူက မိုးကြိုးငှက်ကို အားရပါးရ စားနေသည်။ ထန်ဂျီက ပေါင်အာကို ကြည့်ရင်း ရေရွတ်သည်။

"မွေးရာပါ သဘာဝ ပညာရပ် သုံးခု။ တစ်ခုပဲ ဆိုရင်တောင် လရောင်လှုံဂိုဏ်းက သံသယ ဝင်လောက်တယ်။ ဆိုတော့ အဲ့ဒီ ပညာတွေကို မသုံးအောင် လုပ်လို့လည်း မရဘူး... ဆိုတော့ အစွမ်းက သန္ဓေပြောင်းသွားမှ ရမယ်။ သဘာဝကို ပြောင်းလို့ မရရင် အတုနဲ့ရောပြီး ပြင်ရင်ရော.. အင်း ဒါက ဖြစ်နိုင်လောက်တယ်"

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now