မျက်လုံးလေးလုံး ဓါးခုတ်ကင်းခြေများမှာ နှင်းဆီတိမ်ကမ္ဘာတွင် အတော်လေး ကြမ်းသော သားရဲမျိုး ဖြစ်သည်။ မူရင်း ကင်းခြေများမျိုး ဖြစ်ပြီး မွေးကတည်းက ပေတစ်ရာ အရှည်ရှိကာ ခေါင်းရှိ ခြေနှစ်ချောင်းမှာ ဓါးခုတ်ကောင် လက်များကဲ့သို့ ဓါးသွား ဖြစ်သဖြင့် ဓါးခုတ် ကင်းခြေများဟု ခေါ်ခြင်းပင်။
ခန္တာကိုယ် က မညီပဲ နောက်ပိုင်းက ခြေများဖြင့် ယက်ကာ ရှေ့ပိုင်းက မြွေကဲ့သို့ တွားသွားလေသည်။ ထိုသို့ ရယ်စရာ ပုံ ရှိ၍ အထင်သေးလျှင် ခံစားသွားရပေမည်။
ဓါးခုတ် ကင်းခြေများက တစ်နှစ်လျှင် သုံးပေခန့် ပို၍ ရှည်လာတတ်ာ ယခုကောင်မှာ ပေသုံးဆယ်နီးပါး ရှည်၍ ကျောတွင် ငွေရာင်မျဉ်း ရှိသဖြင့် အဆင့်မြင့် ချီအာရုံခံ သားရဲ ဖြစ်လေသည်။ ထိုငွေရာင်မျဉ်းက ရွှေရောင် ပြောင်းသွားလျှင် စိတ်ဖွင့်အဆင့် ဖြစ်သည်။
ချိုက်ကျွန်းယန်က ထိုအကြောင်း ပြောရင် အဆင့်မြင့် သားရဲက ချက်ချင်း ပေါ်လာသဖြင့် ပါးစပ်ပင် ပိတ်သွားသည်။ သူက ထန်ဂျီကို ကြောင်ကြည့်နေသည်။
"ငါတို့ ဘာလုပ်ကြမတုန်း"
"မေးနေရသေးလား ပြေး"
သူတို့နှစ်ယောက်က ထိုသို့ အော်ရင်း ပြေးကြတော့သည်။ သူတို့က မိုးကြိုးငှက် ချောက်ကမ်းပါးသို့ သွားရန် ရှိသေးသဖြင့် သားရဲကို ကွေ့၍ ပြေးရန် ကြံလိုက်ကြသည်။
ကင်းခြေများက တစ်ချက် တွန်လိုက်ကာ လိုက်တော့သည်။ ခြေချောင်းများက ညီညာစွာ လှုပ်ရှားသွားပြီး မြေကြီးများက ဖွာသွားသည်။ ထိုသည်ကား ပင်လယ်ကူးလှေ၏ ခပ်တက်များ ပမာ ဖြစ်ကာ ဖွာထွက်သွားသော မြေများက ရေလှိုင်းများ ပမာပင်။
အရှိန်နှုန်းက မြန်လှသဖြင့် ခုန်၍ ထွက်လာကာ ချိုက်ကျွန်းယန်နှင့် ထန်ဂျီကြားသို့ ကျလာလေသည်။ သူတို့နှစ်ယောက်က လူခွဲ၍ ဘေးသို့ ခုန်လိုက်ကြသည်။ ကင်းခြေများက သစ်ပင်လေး တစ်ပင်ပေါ်ကျသွားက သစ်ပင်က ချက်ချင်း ကျိုးသွားသည်။
ကင်းခြေများက ရှေ့လက်နှစ်ချောင်းပင် ဓါးသွားကဲ့သို့ မဟုတ်ပဲ နောက်ခြေများကလည်း လွှစွယ်များဖြစ် ထက်မြလှသည်။
YOU ARE READING
တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)
Mystère / Thrillerတောင့်တမျှော်မှန်း အမတလမ်း အတွဲ (၃) အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား၊ အပိုင်း (၃) နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်