အခန်း (၁၈၇) ဝေထျန်းချောင်၏ ဒုက္ခ

89 11 0
                                    


ဝေထျန်းချောင်က နောက်ဆုံး ရောက်လာချေပြီ။ ယိယိ၏ ကောင်းမှုကြောင့် သူက သေလုမျောပါး ပြေးနေရသည်။

"ကယ်ကြပါ... ကယ်ကြပါ..."

ဝေထျန်းချောင်က အော်ရင်း ပြေးသည်။

သို့သော် မည်သူမျှ ရောက်မလာချေ။ တစ်ကယ်တော့ တစ်ယောက် ရှိသည်။

ယိယိက ဝေထျန်းချောင်၏ အရုပ်ပေါ်တွင် ထိုင်နေကာ ယှဉ်ပြေးရင်း အားရပါးရ ရယ်နေသည်။ ဝေထျန်းချောင်က မည်သို့ အမိန့်ပေးပေး အရုပ်က ယိယိကို ဘာမျှ မလုပ်ချေ။ ထန်ဂျီက အရုပ်ကို ဖန်တီးပေးခဲ့ရာ သူ့အတွက် အသုံးကျရန် အရာတစ်ချို့ ထည့်ခဲ့လေသည်။

ယိယိအား ဘာမျှ မလုပ်နိုင်သလို နောက်ကျလည်း ဝံပုလွေအုပ်လိုက်နေသဖြင့် ဝေထျန်းချောင်က ဒေါသဖြင့် ဆဲတော့သည်။

"သောက်တလွဲ ရုက္ခစိုး၊ မအေ-ိုး ရုက္ခစိုး။ ငါဒီကလွတ်ရင် တွေ့မယ်"

ယိယိက စိတ်မစိုးချေ သူမက ရယ်နေသည်။

"ငါက ရုက္ခစိုးပဲလေ။ နင်က ကျားဟိန်းသံ တောင်ထိပ်ကို ပြေးရင် အဲ့ဒီ ဝံပုလွေတွေက မလိုက်ရဲတော့ဘူး"

"ချီးကို သွားရမှာလား။ ငါက အဲ့ဒီအစား ကျောက်စိမ်း တံဆိပ်ကို သုံးပြီးပဲ ပြေးတော့မယ်" ဝေထျန်းချောင်က အော်သည်။

သူက ကျားဟိန်းသံ တောင်ထိပ်ကို မသွားလိုချေ။ သူက ချီဒင်္ဂါး၂၀၀ ကို နှမျှောသော်လည်း မတတ်နိုင်တော့ချေ။

"ဒါကို ပြောနေတာလား" ယိယိက လက်ထဲမှ ကျောက်စိမ်း တံဆိပ်တစ်ခုကို ထုတ်ပြသည်။

ဝေထျန်းချောင်က သူ့ခါးကို စမ်းကြည့်လိုက်သည်။ ကျောက်စိမ်းတံဆိပ်က မရှိတော့ချေ။ သူက လန့်ဖြန့်သွားသည်။

"ငါ့တံဆိပ်ကို ဘယ်တုန်းက ခိုးလိုက်တာလဲ"

"နင်က မြန်မြန် ပြေးသင့်တယ်။ နောက်က ကောင်တွေက နီးလာပြီ" ယိယိက မဖြေပဲ မေးငေါ့ကာ ပြောသည်။

ဝေထျန်းချောင်က လှည့်ကြည့်လိုက်ရာ ဝံပုလွေအုပ်က ပို၍ နီးလာလေသည်။ သူက ကြောက်လန့်သွားကာ မြူနှင်းခြေလှမ်းကို အားကုန် ထုတ်ကာ ပြေးတော့သည်။ ထန်ဂျီက မနေနိုင်ပဲ ရယ်မိသည်။

တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)Where stories live. Discover now