ကျောင်းသားများက မိုးကြိုးငှက် အမောက်မွှေးများကိုတွေ့သောအခါ တုန်၍ပင် သွားကြသည်။ အမောက်မွှေး တစ်ခုမျှ အများကြီး မတန်သော်လည်း မိုးကြိုးငှက်ချောက်ကမ်းပါးမှာ ပြန်လမ်းမဲ့ တောင်ကြာင်း၏ အန္တရာယ်အများဆုံး နေရာ တစ်ခုထဲတွင် ပါလေသည်။
ထန်ဂျီက အမောက်မွှေးများ ရလာသဖြင့် သူက မိုးကြိုးငှက်များကို သတ်လာသည် ဆိုသည့် အဓိပ္ပါယ်ပင်။ လူတိုင်းက ထန်ဂျီကို အကြည့်သစ်ဖြင့် ကြည့်လိုက်ကြပြီးနောက် သူ၏ ကျားရိုင်းဆိုသော ဘွဲ့မှာ မမှားကြောင်း သိလိုက်သည်။ သူက မိုးကြိုးငှက်များကိုပင် သတ်လာနိုင်သည်။
"ငါက မင်းတို့ကို ရှင်းပြစရာ မလိုဘူး ထင်တယ်။ မင်းတို့အားလုံးက ဒီထဲရောက်နေတာ ကြာပြီ ဆိုတော့ တစ်ချို့ကောင်းတာ လေးတွေ ရှိမှာ သေချာတယ်။ ငါ့မှာက မိုးကြိုးငှက် အမောက်တောင်တွေ ပိုနေပြီး ဆေးပင်တွေ လိုနေတာ..."
သူက စကားကို ဆုံးအောင် မပြောသော်လည်း အလဲအလှယ် လုပ်ချင်ကြောင်း သိသာစွာ ပြောလိုက်သည်။
မိုးကြိုးငှက်အုပ်ကို အမြစ်ဖြုတ်ခြင်းမှ ထန်ဂျီက အကျိုးသုံးခု ရလေသည်။
မိုးကြိုးမြက် ဆေးရည် ချိုးရခြင်း၊ အမောက်မွှေးများနှင့် အမတေများဖြစ်သည်။
ကံမကောင်းသည်မှာ ကျားလေးက အမတေ အများစုကို စားပိုက်ပြီး၊ မိုးကြိုးမြက်များမှာလည်း သူ၏ မိုးကြိုးဒဏ် ခံနိုင်ရည်ကိုသာ တိုးပေးကာ ခန္တာကိုယ်က မတိုးတက်ချေ။ သူက မီးတောက်ကြာပန်းနီလုမည့် တိုက်ပွဲအတွက် အစွမ်းကို အမြန်မြှင့်ရန် လိုနေသည်။ ယခုတိုက်ပွဲမှာ ကျောင်းသားတောအုပ်မဟုတ်ချေ။ စ၍ တိုက်သည်နှင့် မည်မျှ သက်ညှာနေမည် မဟုတ်ချေ။ သူ့အနေဖြင့် ကျောင်းသား တောအုပ်မှာလို အုပ်လိုက်နှင့် တစ်ယောက် ချသလိုလည်း လုပ်မရတော့ချေ။
ထို့ကြောင့်ပင် သူက ဆေးပင်များနှင့် လဲရန် ကြံခြင်းပင်။ အများဆုံး အနေဖြင့် သူက အနည်းငယ် အရှုံးပေါ်မည် ဖြစ်သော်လည်း သူ့အား တိုးတက်ရန် ကူညီနိုင်ပေမည် ဖြစ်သည်။ ထို့ပြင် သူက တောင်ကြားမှ အထွက်တွင် သုံးဆယ် ရာနှုန်း ပေးစရာ မလိုချေ။
YOU ARE READING
တောင့်တမျှော်မှန်း အမတလမ်း (အတွဲ ၃ အပိုင်း ၂နှင့် အပိုင်း ၃)
Misterio / Suspensoတောင့်တမျှော်မှန်း အမတလမ်း အတွဲ (၃) အပိုင်း (၂) ပြန်လမ်းမဲ့ တောင်ကြား၊ အပိုင်း (၃) နန်းတော်ကိုးခု ပုံရိပ်ယောင် အစီအရင်