Chapter 9.1: First Time Zheng Shuyi Saw Him Laugh

4.2K 320 1
                                    




(Zawgyi)

ကျန်းရှူယီတွေးလိုက်တာက audio ဖြည်တာ(နားထောင်ပြီး လိုက်ရေးတာက) ဘွဲ့ရတစ်ယောက်အတွက်ဆို အလွယ်လေး လုပ်နိုင်တယ်ထင်တာလေ။ဆိုတော့ ကျင်ရှစ်ယွယ် ကိုအာရုံမထားမိတော့။ ခု သူမရှစ်ယန်အင်တာဗျူးကို အမြန်ဖြတ်ရမယ်။ အလုပ်စလုပ်ကတည်းက အင်တာဗျုးတစ်ခုအတွက် ဒီလောက်ထိ အားမစိုက်ခဲ့ရဘူးပေ။ အရင်အလုပ်တွေက သူမအရည်အချင်းနဲ့ အမြန်ဖြတ်လို့ရပြီး အနားယူချိန်တောင် ရှိလို့ ခုတစ်ခါမှ ပင်ပန်းချက်ပင်။ စာကြောင်းတစ်ကြောင်းချင်းစီကို ပြန်စစ်နေရတာမို့ ဘေးပတ်ဝန်းကျင်က ဆူညံတာတွေ ကျော်လွှားဖို့ noise-canceling earbuds လေးတပ်ထားလိုက်သည်။ မတပ်တာတောင် အတော်ကြာနေပီ။နေ့လည်စာစားချိန်မို့ အကုန်ထွက်သွားကျချိန် ကျင်ရှစ်ယွယ်တစ်ယောက် တစ်နာရီခွဲ အသံဖိုင်ကို နားထောင်လိုက်တာ ရေးချလိုက်တာ စာ ၃ကြောင်းရယ်။

သူမလို လူသစ်တစ်ယောက်အတွက် ဒိနယ်ပယ်ရဲ့ အသုံးနှုန်းတွေကို နားမလည်နိုင်ပေ။

ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ ကျန်းရှူယီတစ်ယောက်ပဲ ကျန်တော့သည်။

ကျန်းရှူယီ နားကို တိုးသွားပြီး လေသံလေးနဲ့ "ကျဲ... ကျန်းရှူယီ?"

ဘာသံမှ မထွက်လာ။ ကျင်ရှစ်ယွယ် အသက်တစ်ချက်ရှူပြီး သူမလေသံကို မြှင့်ကာ

"ကျဲ... ကျန်းရှူယီ?"

ကျန်းရှူယီ က တုတ်တုတ်မျှ မလှုပ်။

ကျင်ရှစ်ယွယ် ကလေးဘဝကတည်းက ခုအရွယ်အထိ ဒီလိုအေးစက်စက် ဆက်ဆံတာ မခံစားခဲ့ရဖူးဘူးလေ။ ကိုယ့်နေရာကို ပြန်လာထိုင်ပြီး earbuds ကိုအိတ်ထဲထည့်ကာ ပြန်ဖို့ ပြင်တော့သည်။

ကိုယ်လုပ်နိုင်တာလည်း ဘာမှ ရှိမနေဘူးလေ....

——

ကျန်းရှူယီ အလုပ်တွေအကုန်ဖြတ်ပြီးလို့ ခေါင်းမော့ကြည့်လိုက်တော့ ညနေ ၆နာရိ ၁၅မိနစ် ။ အလုပ်ချိန်က ၆နာရီအထိဆိုတော့ social media ကိုင်တဲ့သူတွေကတော့ အလုပ်မဆင်းကြသေး။ ဒီတခါလည်း ကျမ အလုပ်ချိန်ကျော်နေပြန်ပါပီကော။ သူမရဲ့ အလုပ်သင်ကလေးမနေရာကို ကြည့်လိုက်တော့ ရှိမနေတာ့ ။ စားပွဲခုံကလည်း ရှင်းလင်းလျက်။ မျက်လုံးပွတ်ပြီး ခွန်နင့်ပခုံးကို မီလိုက်ချိန် လက်ခုတ်သံတစ်ခုကြားရသည်၊ ကြည့်လိုက်‌တော့ ရှူယုလင်။ မိန်းမပျိုလေးတစ်ယောက်က သူမဘေးနား ရပ်လျက်။

Only for Love (Translation)Where stories live. Discover now