(Unicode)
ဦးလေးကွမ်း?
ကျန့်ရှူးယိ ထိုလူ... မည်သူဖြစ်သည်ကို သူမ သေချာမသိသဖြင့် ခဏမျှ စဉ်းစားပြီး မေးခွန်းအမှတ်အသားအချို့ကို ဖြည်းညှင်းစွာရိုက်ထည့်လိုက်သည်။
ပို့ခါနီးမှာ ချက်ခြင်းသတိရသွားတယ်။
ကွမ်းရှန့်ချန်
ပထမတော့ ရှီယန့်က သူမကို မက်ဆေ့ချ်ပို့ဖို့ အစပြုလိုက်တဲ့အခါ ကျန့်ရှူးယိအံ့အားသင့်ပြီး ပျော်ရွှင်သွားတယ်။
အခု ကွမ်းရှန့်ချန် က သူမကို တွေ့ချင်တယ်လို့
ပြောလိုက်တာနဲ့ သူမရဲ့ ဦးနှောက်ဟာ ကြီးမားတဲ့
လှိုင်းလုံးတွေနဲ့ ပြည့်နှက်နေပါတယ်။ကျန့်ရှူးယိ: မစ္စတာကွမ်း ? ကွမ်းရှန့်ချန် ??
ကျန့်ရှူးယိ: သူ ကျွန်မကို တွေ့ချင်နေတာလား??
ကျန့်ရှူးယိ: ဘာလို့လဲ??
စီးကရက်နှင့် အရက်နံ့များဖြင့် ပြည့်နေသော သီးသန့်စားသောက်ခန်းတွင် လူတိုင်းက ဝိုင်တွေ ထပ်ထည့်ကြ
စီးပွားရေးအကြောင်းတွေ ပြောကြ ဆွေးနွေးကြရင်း လူတိုင်းက ကိုယ့်အကျိုးခံစားခွင့်တွေအတွက် အခန်းထဲက အခြေအနေကလည်း စကားပြောသံတွေ ပြင်းထန်လာတယ်။ဒီလိုအခြေအနေမျိုးမှာ ရှီယန့်ရဲ့ မျက်လုံးရှေ့မှာ ရှိနေတာက ကျန့်ရှူးယိ ထံမှ ? ? ? များသာ
မျက်မှန်ကို ချွတ် .. မျက်ခုံးမွှေးများကို နာကျင်တဲ့အထိ ပွတ်သပ်လိုက်သည်။
သူ့ပတ်ဝန်းကျင်က လူတွေရဲ့ အော်ဟစ်ပြောဆိုသံကို
နားထောင်ရင်း ရှီယန့်ကြည့်ရတာ စိတ်က တခြား
တစ်နေရာမှာ။ ကျန့်ရှူးယိ ပုံကိုကြည့်ရန် Moments ထဲသို့ တစ်ခေါက်ထပ်သွားခဲ့သည်။မိုင်ထောင်ပေါင်းများစွာအဝေးက အေးခဲတဲ့လေနုအေးက မြစ်ရေရဲ့ နှင်းရည်အေးတွေနဲ့ တောင်တန်းတွေရဲ့ ရနံ့တွေနဲ့အတူ သူ့ဆီ ဦးတည်လာနေသလိုပါပဲ။
ဓါတ်ပုံထဲက ထွက်လိုက်တော့ နောက်ထပ် မက်ဆေ့ချ် နှစ်စောင် ...
ကျန့်ရှူးယိ: ကျမကို ဒီအတိုင်းကြီး မထားခဲ့ပါနဲ့
ပြောပြပါ ။
YOU ARE READING
Only for Love (Translation)
Romanceမာနကြီးပြီးချေတဲ့ Mingyu Bank CEO နဲ့ အရမ်းလှပြီး ချောလွန်းတဲ့ သတင်းထောက် ကျန့်ရှူးယိ... သူတို့နှစ်ယောက်ကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာလဲဆိုတာ.... ...