Chapter 52: Do You Like Me?

5.4K 393 89
                                    

(Unicode)

ကျန့်ရှူးယိက Jiang City အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ်ပြီး ရှီယန့်အတွက် သူမကို လွမ်းနေတာတွေပြေစေဖို့ ညစာအတူတူစားမယ့် အစီအစဉ်ကို ဆွဲထားခဲ့တယ်။ ကံမကောင်းစွာနဲ့ ဒီဘက်အမေရိကန်ပြည်ထောင်စုရှိ ရာသီဥတုအခြေအနေကြောင့် လေယာဉ်ခရီးစဉ်ဟာ နာရီပေါင်းများစွာ နှောင့်နှေးခဲ့ရပြီး ဆိုက်ရောက်မည့်အချိန်ကို ခန့်မှန်းခြေ ညနေပိုင်းထိ
ရွှေ့ဆိုင်းလိုက်ရသည်။

ကျန့်ရှူးယိ မသိသောအရာမှာ ရှီယန့်အတွက် ယနေ့ညတွင် အလွန်အရေးကြီးသော စားသောက်ပွဲတစ်ခု တက်ရောက်ရန် ရှိသောကြောင့် မည်သို့ပင်ဖြစ်စေ သူက သူမနှင့် ညစာအတူစားရန် လိုက်နိုင်မည်မဟုတ်ပေ။

ပွဲလုပ်သည့် တည်နေရာကတော့ အလွန်တိုက်ဆိုင်သည် ပြောရမလားပဲ။ ကျန့်ရှူးယိ ၏အိမ်မှ မီတာငါးရာ သို့မဟုတ် ခြောက်ရာမျှသာဝေးပြီး သူမ အခန်းပြတင်းပေါက်အောက်ကိုငုံ့ကြည့်လိုက်ရုံနှင့် စားသောက်ဆိုင်
ဆိုင်းဘုတ်ကို မြင်နိုင်သည်။

-----

ညနေခင်းတွင် ရှီယန့် ရုံးခန်းမှ မထွက်ခွာမီတွင် ကျန့်ရှူးယိ ကို လေဆိပ်မှ သွားကြိုရန် ဖန်းလဲ့ ကို ညွှန်ကြားခဲ့ပြီး သူကိုယ်တိုင်ကတော့ သတ်မှတ်ထားသည့် စားသောက်ဆိုင်ကို သွားရမည်ဖြစ်သည်။

ဓာတ်လှေကားက မြေအောက်ကားပါကင်သို့ ဆင်းလာပြီး တံခါးပွင့်လာသည်နှင့် တပြိုင်နက် ဓာတ်လှေကားရှေ့တွင် ချင်လဲ့ကျီ ပေါ်လာသည်။

သူမက ခေါင်းငုံ့ပြီး မပျော်မရွှင်ဖြစ်နေသည့်ပုံ။
အသံကြားတော့ ချင်လဲ့ကျီ ခေါင်းမော့လိုက်စဉ်
ထိုလူသည် ရှီယန့်ဖြစ်သည်ကို မြင်လိုက်ရသဖြင့် သူမ မျက်လုံးများ ကျယ်သွားပြီး မသိစိတ်မှ နောက်သို့
ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။

သို့သော် ရှီယန့်၏ အကြည့်က သူမအပေါ် တစ်စက္ကန့်တောင် မကြာဘဲ သူ့ကားဆီသို့ တည့်တည့်လျှောက်လာခဲ့သည်။

ချင်လဲ့ကျီ သတိပြန်ဝင်လာပြီးနောက် သူမဟာ နေရာတွင် မတ်တပ်ရပ်နေဆဲဖြစ်ပြီး လက်ဖဝါးများကို လက်ချောင်းထိပ်များဖြင့် ဖိထားသော်လည်း တည်တည်ငြိမ်ငြိမ်
ဖြစ်မနေဘူး။

Only for Love (Translation)Where stories live. Discover now