Chapter 29: Didn't You Want to Sleep With Me?

4.2K 311 22
                                    



(Unicode) နာမည်စာလုံးပေါင်းလေးတွေ အနီးစပ်ဆုံး ပြင်ပေးထားပေးလို့ ခုကစပြီးနာမည်လေးတွေ နည်းနည်းချိန်းမယ်နော် ။ အရှေ့အပို်ငးတွေ ပြင်ရင် ခွင့်တစ်ပတ်လောက်ယူမယ်နော်။ ဟီးးး စတာ... အချိန်ရ ရသလို ပြင်ထားပေးပါမယ်။ (ကူပြင်ပေးတဲ့သူငယ်ချင်းမလေးကိုလည်း ကျေးဇူးတင်ပါတယ်)
Update -5-1-2023 အစကနေ ခုထိ
နာမည်အားလုံးပြန်ပြင်ပြီး ^//^

----

ကျန့်ရှူးယိ နဲ့ ပိရော့ရှန်း တို့အစက spa သွားပြီး နေ့ခင်းဘက် ရုပ်ရှင်ကြည့်ကာ ညနေပိုင်းတွင် ပိရော့ရှန်း ကို လေဆိပ် ပို့ပေးရင်း ဒီ အားလပ်ရက်ကိုသုံးရက်ကို
ပျော်ရွှင်စွာ အဆုံးသတ်မယ်လို့ စီစဉ်ခဲ့တာပါ။

ဒါပေမဲ့ spa မှာ လူများလွန်းလို့ booking တောင် ကြိုပြည့်သွားပြီးတော့ သူတို့ကြည့်ချင်တဲ့ ရုပ်ရှင်ရုံမှာလည်း ထိုင်ခုံတောင် မရဘူး။

လုပ်ချင်တာတွေ အဆင်မပြေပေမယ့် သူတို့ရဲ့နေ့လေးကို ကောင်းကောင်းအသုံးချချင်နေကြဆဲပါ။ ဒီတော့ အိမ်မှာ ခဏထိုင်ပြီးနောက် ပိရော့ရှန်းက သူမ နားစွန်နားဖျားကြားလိုက်ရတဲ့ "မြင်းခြံ" ကို ရုတ်တရက်သတိရပြီး ကျန့်ရှူးယိ ကို အကြံပြုလိုက်ပါသည်။

ကျန့်ရှူးယိ မက်ဆေ့ချ် ပို့တဲ့ထိုနေ့ကတည်းက "မြင်းခြံ/ယာတော" ဆိုတဲ့ စကားလုံးကို ကြားပြီးနောက် ဘယ်လိုပုံသဏ္ဍာန်ဖြစ်မလဲဆိုတာ သိချင်လှသည် ။

ပထမတော့ ကျန့်ရှူးယိလည်း ရုတ်တရက်သွားလိုက်ရင် ကောင်းပါ့မလားဆိုပြီး ချီတုံချတုံဖြစ်နေသည်။ ဒါပေမဲ့လည်း ပိရော့ရှန်း နဲ့ အတူအချိန်ဖြုန်းဖို့ ရှားရှားပါးပါး
အခွင့်အရေးတစ်ခုဖြစ်တဲ့အပြင် သူမကိုယ်တိုင်လည်း မြင်းခြံအကြောင်း ပိုလေ့လာချင်တာကြောင့် ကျန့်ရှူးယိ က ကွမ်းရှန့်ချန် ကို သူတို့လာမယ်ဆိုတာကို အသိပေး
လိုက်ပါတယ်။

မမျှော်လင့်ဘဲ၊ ကွမ်းရှန့်ချန်ကလည်း စက္ကန့်ပိုင်းအတွင်း သဘောတူခဲ့ပြီး မြင်းခြံက အလုပ်သမားတွေဆီ
အကြောင်းကြားရုံနဲ့ သူတို့ သွားချင်တဲ့အချိန်
သွားလို့ရတယ်လို့ဆိုပါတယ်။ ဒါကြောင့် နှစ်ယောက်သား သက်သောင့်သက်သာရှိတဲ့ အဝတ်အစားများ
ဝတ်ဆင်ကာ နေ့လည်စာစားပြီးနောက် ထိုနေရာကို
တက္ကစီစီးပြီး ထွက်လာခဲ့သည်။

Only for Love (Translation)Tempat cerita menjadi hidup. Temukan sekarang