(Unicode)ပိရော့ရှန်း စကားပြောပြီးတာနဲ့ ဖုန်း၏အခြားတစ်ဖက်
တွင် ထူးဆန်းသော တိတ်ဆိတ်မှုကို သူမ ခံစားခဲ့ရသည်။ အရမ်းမူးနေပေမယ့် ဖုန်းကိုချက်ချင်းချလိုက်ဖို့
သိနေသေးတယ်။ဖုန်းကနေ busy tone ထွက်ပေါ်လာပြီးနောက်
အခန်းတစ်ခုလုံး၏ လေထုက ရပ်တန့်သွားသလိုပဲ။အချိန်က ဆယ်မိနစ်လောက် ပြန်သွားနိုင်ရင် ကျန့်ရှူးယိ ဒီဖုန်းခေါ်တာကို ကိုင်လိုက်မှာ မဟုတ်ဘူး။
အချိန်က နောက်ခုနစ်နှစ်သာပြန်သွားနိုင်ရင် သူမဟာ ကောလိပ်ကျောင်းက အဆောင်ကို ပြောင်းဖို့
သေချာပေါက် လျှောက်ထားခဲ့မှာပါ။ထိုအချိန်တွင် ကျန့်ရှူးယိ ၏ မျက်နှာတစ်ပြင်လုံး
တောင့်တင်းနေပြီး ဘာအမူအရာမှ မပြနိုင်တော့ဘူး။ သူမအပေါ်က ရှီယန့်ကို ကြည့်ရင်း မျက်တောင်ခတ်ဖို့တောင် မေ့သွားခဲ့တယ်။ကျန့်ရှူးယိ ဆီက magnolia ပန်းရနံ့က သူ့ကို လွှမ်းခြုံသွားသည်။ စကားလည်း မပြောဘဲ သူမကိုပဲ လှမ်းကြည့်နေတယ်။ သူ့အကြည့်တွေက
"မင်းသူငယ်ချင်းရဲ့ အပြောအပေါ် မင်းဘယ်လိုထင်လဲ"
ဆိုတဲ့ပုံနဲ့ ။သိပ်မကောင်းဘူး/
ကျန့်ရှူးယိ မျက်နှာကို လှည့်လိုက်တော့ ရှီယန့် အနမ်းများက သူမ နားရွက်အစွန်းလေးတွေပေါ်...ရောက်လာသည်။
ဒီလူမှာ နားရွက်တွေကို နမ်းတဲ့ ထူးဆန်းတဲ့ အကျင့်
ရှိတယ်ဆိုတာ သူမ မေ့လုနီးပါးပဲ။ကျန့်ရှူးယိ က သူ့ကို အဝေးသို့ တွန်းထုတ်ရန် ရုန်းကန်ရင်း
"ရှီယန့်၊ အနည်းဆုံးတော့ ကျွန်မဒေါသတွေ ပြေဖို့..."
ဒီတစ်ခါတော့ ဒေါသတွေပြေဖို့ အဆုံးအဖြတ်မပေးရုံမက စကားတောင်ဆုံးအောင် မပြောနိုင်တော့ဘူး။ဒါပေမဲ့
ရှီယန့်က ပထမနေရာမှာ သူမှားခဲ့တာကို နားလည်ပုံရပြီး တောင်းပန်ဖို့ ကြိုးစားတာကြောင့် သူ့အနမ်းတွေက
ပိုပိုပြီး နူးညံ့လာတယ်။သူ့အသက်ရှုသံတွေက သူမအနားမှာပဲ... ။
တဝဲလည်လည် ရှိနေပြီး သူ့ နှုတ်ခမ်းနဲ့ လျှာတို့
မြန်မြန်ဝင်လာတဲ့အခါ သူမရဲ့ ရုန်းကန်မှုအားလုံး...လျင်မြန်စွာ ရပ်တန့်သွားခဲ့သည်။
သူမရဲ့ ညည်းညူပြီး ငြင်းဆိုနေတာကိုက ...
ဆွဲဆောင်မှု တစ်မျိုးအဖြစ်... ပြောင်းလဲသွားတယ်။
DU LIEST GERADE
Only for Love (Translation)
Romantikမာနကြီးပြီးချေတဲ့ Mingyu Bank CEO နဲ့ အရမ်းလှပြီး ချောလွန်းတဲ့ သတင်းထောက် ကျန့်ရှူးယိ... သူတို့နှစ်ယောက်ကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာလဲဆိုတာ.... ...