(Zawgyi)အဲ့တူမဆိုတဲ့ စကားလုံးက သူမကို ဓါးထက်ထက်နဲ့ ထိုးနေသလိုပင်။
ခုနေ သူမနဲ့တွေ့ရင် ပွဲကပြီးဘီ။ အဲ့အချိန်မှာ အခန်းထဲက ခြေသံလည်းကြားရသည်။
"Uh ဟုတ်တယ်၊ ရှင့်တူမဆီက အထင်လွဲခံလို့ မဖြစ်ဘူး။ သွားပြီနော်။ "လောလောနဲ့ထွက်သွားတဲ့ ကျန်းရှူယီ က "ရှင် စောစောလည်း အနားယူသင့်တယ်"
ပြောပြီးတာနဲ့ တံခါးအပြင်ရောက်ပြီး ထွက်သွားတော့သည်။
ကျင်ရှစ်ယွယ် စာဖတ်ခန်းကနေ အပြင်ရောက်လာတာ့ စပ်စုတဲ့အသံနဲ့ "ဘယ်သူလဲဟင်? အမျိုးသမီးတစ်ယောက် အသံလားလို့?"
ရှစ်ယန်က ဝရန်တာဆီသို့လှည့်ထွက်သွားသည်။
သူ့ရဲ့ စိတ်အခြေအနေကောင်းနေတဲ့အချိန်စိတ်ကောင်းဝင်နေတဲ့ပုံ ပေါ်လာတာနဲ့ ကျင်ရှစ်ယွယ်က ထပ်ပြီး "ဘယ်သူလဲလို့ ? ကောင်မလေးလား?"
ရှစ်ယန်က ခုံမှာ ပြန်ထိုင်ပြီးဖတ်လက်စ စာအုပ်ကို ကိုင်ရင်း သူ့တူမဆီ အေးစက်စက်အကြည့်နဲ့ကြည့်လိုက်တော့ ကျင်ရှစ်ယွယ် တခနချင်း ငြိမ်သွားသည်။
သူမ ပုံ့ပုံ့လေးထိုင်ရင်း ရှစ်ယန်ကို ခွေးလေးတစ်ကောင်လို ကြည့်ကာ
"အခုချိန်က အလုပ်ဝင်သင့်တယ်လို့ မထင်သေးဘူး? ပညာတော်သင်သွားချင်လို့?"
"Study tour?" ရှစ်ယန်က သူမကို လှည့်မကြည့်ဘဲ "အဲ့စာလုံးနှစ်လုံးအတွက် ပြောရဲတဲ့အရည်အချင်းရှိပြီလား?"
ကျင်ရှစ်ယွယ်: "..."
လူတွေဘာလို့ အလုပ်တွေတအားလုပ်ကြမှန်းနားမလည်။ သူမမိသားစုရှာသမျှက သူမနောက် ၃ ဘဝလောက်ထိ သုံးလို့ရနေတာကို ...
ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်တဲ့ ကျင်ရှစ်ယွယ်က chemical equations တွေထက် မိတ်ကပ်ထဲဘာတွေထည့်ထားလဲဆိုတာကို သူမ chemistry teacher ထက်ပိုသိနေအောင် ထူးချွန်သည်။ ကျောင်းစာမှာလည်း ယောင်လည်လည်နဲ့ သူမကို မိဘတွေက နိုင်ငံခြားပို့ပေမယ့်လည်း ကျောင်းမပြီးဘဲ ပြန်လာရသည်။ ကျောင်းကသူမအပေါ်သည်းခံမှုနဲ့ Shi မိသားစုနဲ့ဆက်ဆံရေးကြောင့် ဘွဲ့ရခဲ့သော်လည်း တစ်အိမ်လုံးမှာ သူမကိုအချစ်ဆုံးနဲ့ အလိုလိုက်ဆုံး အဖိုး ကျင်ရှောင်မင်းတောင် အတော်စိတ်ပျက်သွားသည်။ ရှစ်ယန်ကတော့ ဘာမှမပြော။ ကလေးဘဝကတည်းက ဘယ်သူမှမကြောက်တဲ့ သူမက ရှစ်ယန်ကိုတော့ ကြောက်သည်။ မမျှော်လင့်ဘဲ ရက်ပိုင်းအလိုက ရှစ်ယန် သူမအတွက် "Finance Weekly" မှာ အလုပ်သင်အဖြစ် အလုပ် ဆင်းနိုင်ရန် စီစဉ်ပေးသည်။
ESTÁS LEYENDO
Only for Love (Translation)
Romanceမာနကြီးပြီးချေတဲ့ Mingyu Bank CEO နဲ့ အရမ်းလှပြီး ချောလွန်းတဲ့ သတင်းထောက် ကျန့်ရှူးယိ... သူတို့နှစ်ယောက်ကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာလဲဆိုတာ.... ...