(Unicode)
Chapter 71: Extras 2 - Wedding
မင်္ဂလာနေ့ထူးနေ့မြတ်နေ့....
တရုတ်နိုင်ငံမှ ဧည့်သည်တစ်စုက
အိုင်ယာလန်သို့ ရောက်လာကြသည်။Adare Manor Hotel က တောင်တန်းများ ရစ်ပတ်ထားသော Limerick County တွင်ရှိပြီး ဧည့်သည်များအတွက် ခရီးစဉ်က အဆင်မသင့်ရင် မူးမော် စေသည်။
အထူးသဖြင့် ကားမူးတတ်တဲ့ ပိရော့ချန်းတစ်ယောက် ကားပေါ်က ဆင်းတာနဲ့ အမှိုက်ပုံးဆီ ပြေးရတာပဲ ။
ဒါပေမဲ့ ဘယ်သူမှ စောဒကမတက်ဘူး။
ဘာလို့လဲဆိုတော့ ဒီမင်္ဂလာပွဲက အရမ်းကြီးပေမယ့် ဧည့်သည်က အများကြီး မရှိဘူး။ နှစ်ဖက်ဆွေမျိုးများနဲ့ အရင်းနှီးဆုံးမိတ်ဆွေ များသာဖြစ်ပါတယ်။
တကယ်တော့ လွန်ခဲ့သည့်လအနည်းငယ်က ကျန့်ရှူးယိက ရှီယန့် အလွန်စိတ်ပူပန်နေသည်မှာ သူ့ရဲ့ ပေါင်းသင်း
ဆက်ဆံရေးကြောင့်ဟု ထင်ခဲ့သည်။
သူမက မင်္ဂလာဆောင်တွင် တခါမှမတွေ့ဖူးသော
သူစိမ်းများစွာနှင့် တွေ့ရမည်ဟုထင်ထားခဲ့သည်။ဒါပေမဲ့ အဲဒီလို မဖြစ်ခဲ့ပါဘူး။
- စီးပွားရေးနဲ့ အကျိုးအမြတ်အတွက် လာတဲ့သူ
တစ်ယောက်မှ မရှိဘူး၊ စစ်မှန်တဲ့ ပျော်ရွှင်တဲ့
ဆန္ဒမွန်တွေနဲ့သာ လာခဲ့ကြပါတယ်။ဧည့်သည်တွေအတွက်လည်း ဒါဟာ ကြီးကျယ်ခမ်းနားပေမယ့် ရိုးရှင်းတဲ့ မင်္ဂလာပွဲကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ကောင်းကင်က ကြည်လင်ပြီးတော့
လေပြေအေးလေးတွေ တိုက်ခတ်နေတယ်။လေထုထဲမှာတောင် မွှေးကြိုင်တဲ့ပန်းရနံ့တွေ
ပျံ့နေတယ်။Song Lelan က... စန္ဒယားရှေ့တွင်ထိုင်ကာ
သူမ၏မိသားစုဝင်အသစ်အတွက်
သီချင်းဆိုပေးတယ်။ကျန့်ရှူးယိက သူမ ဖေဖေလက်ကို ဆုပ်ကိုင်ထားပြီး
ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်ရင်း ပန်းပွင့်များဖြင့်
ဖွဲ့စည်းထားသော အမိုးခုံးအောက်လေးကို
လျှောက်လာသည်။မင်္ဂလာပွဲ၏အသေးစိတ်အချက်အလက်တိုင်းကို သူမ၏မှတ်ဉာဏ်တွင် ပုံနှိပ်နိုင်စေရန်အတွက် အရာအားလုံးကို ရှင်းလင်းစွာကြည့်ရှုရမည်ဖြစ်သည်။
KAMU SEDANG MEMBACA
Only for Love (Translation)
Romansaမာနကြီးပြီးချေတဲ့ Mingyu Bank CEO နဲ့ အရမ်းလှပြီး ချောလွန်းတဲ့ သတင်းထောက် ကျန့်ရှူးယိ... သူတို့နှစ်ယောက်ကြားက အချစ်က ဘယ်လိုပေါ်ပေါက်လာလဲဆိုတာ.... ...